သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် ခေါင်းဆောင် သေဒဏ်


အစိုးရဝန်ကြီးအဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် Maulana Matiur Rahman Nizami
အစိုးရဝန်ကြီးအဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် Maulana Matiur Rahman Nizami

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်မစ် ပါတီ အကြီးအကဲတဦးကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုနဲ့ ဘင်္ဂလားဒေ့ရှ် တရားသူကြီးတွေက သေဒဏ်ချမှတ်လိုက်ပါတယ်။

အစိုးရဝန်ကြီးအဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် Motiur Rahman Nizami ကို ပြစ်ဒဏ်စီရင်ဖို့ အချိန် အတော် ကြန့်ကြာခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲသူ့ကို ကြိုးပေးကွက်မျက်ဖို့ ဒါကာမြို့တော်မှာရှိတဲ့ အဖွဲ့ဝင်သုံးဦးပါ အထူးခုံရုံးက ချမှတ်လိုက်တာပါ။ မစ္စတာ နီဇာမီ ဟာ တရားခွင်ကို ရောက်မလာနိုင်လောက်အောင် ဖျားနာနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောဆိုခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လက သူ့အပေါ် တရားစီရင်ဖို့ကိစ္စ နှောင့်နှေးခဲ့ရတာဖြစ်ပါတယ်။

အစွန်းရောက် Jamaat-e-Islami ပါတီခေါင်းဆောင် နီဇာမီ ကို လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသတ်မှု၊ နှိပ်စက်ညှင်းပမ်းမှု၊ အဓမ္မပြုကျင့်မှုနဲ့ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ခွဲထွက်ယူခဲ့တဲ့ ၉ လကြာ တိုက်ပွဲတွင်း ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုထားတာပါ။

အဲဒီအချိန်က ပါကစ္စတန်စစ်သားတွေနဲ့ အပေါင်းအပါ ဒေသခံတချို့က လူ ၃ သန်းကို သတ်ဖြတ်ခဲ့ပြီး၊ အမျိုးသမီး ၂ သိန်း အဓမ္မပြုကျင့် ခံခဲ့ရသလို၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးတိန်းရှောင်သူ ဒုက္ခသည် ၁၀ သန်းလောက် ရှိခဲ့ပါတယ်။ Jamaat-e-Islami ပါတီဟာ ပါကစ္စတန်က ခွဲထွက်ရေးကို ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ကစလို့ အတိုက်အခံခေါင်းဆောင် ၁၀ ဦးထက်မနည်းကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီဖြစ်တဲ့ အထူးခုံရုံးတွေကိုတော့ ဘင်္ဂလားရှေ့ ဝန်ကြီးချုပ် Shikh Hasina ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG