သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံနဲ့ကပ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက Bandarban ခရိုင်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ဓားနဲ့ခုတ်သတ်ခံထားရတဲ့ အသက် ၇၅ နှစ်အရွယ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူနည်းစုဘာသာဝင်တွေ၊ ဘာသာရေးနဲ့ မပတ်သက်တဲ့ တက်ကြွ လှုပ်ရှားသူတွေနဲ့ ပညာတတ်တွေ အသတ်ခံနေရတဲ့အမှုတွေထဲက နောက်ဆုံးအမှုဖြစ်ပါတယ်။

ဘုန်းတော်ကြီး Yu Gayinda - လူအမည် မောင်ဆိုင်ဦးချေ (Maung Shue U Chak) ကို ဒါကာမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၂၀ အကွာက ဘိုင်ရှရီ ဘုန်းကြီး ကျောင်းထဲမှာ အနည်းဆုံး လူလေးယောက်က တိုက်ခိုက်သတ်ဖြတ်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘုန်းတော်ကြီးကို ဘယ်အဖွဲ့က သတ်ဖြတ်တယ်ဆိုတာတော့ အခုထိ မသိရသေးပါဘူး။

တချိန်တည်းမှာပဲ - လိင်တူအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်နဲ့ သူ့မိတ်ဆွေတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုနဲ့ဆက်နွယ်ပြီး အစ္စလာမ်မစ် အစွန်းရောက်လို့ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အသတ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် ရဲ့ ပထမဆုံး လိင်တူချစ်သူ မဂ္ဂဇင်း အယ်ဒီတာ Xulhaz Mannan နဲ့ လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသူ Tanay Majumder တို့ကို ပြီးခဲ့တဲ့လထဲက ဒါကာမြို့က တိုက်ခန်းထဲမှာဝင်စီးပြီး ဓားရှည်တွေ၊ စက်သေနတ်တွေကိုင်ဆောင်ထားတဲ့ လူ ၆ ယောက်က ခုတ်ထစ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ Mannan ဟာ အမေရိကန်အဖွဲ့ ဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ USAID ရဲ့ ဝန်ထမ်းလည်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိသူ Shariful Islam Shibab ကို တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ထိန်းသိမ်းလိုက်ကြောင်း ဒါကာရဲတပ်ဖွဲ့ ပြောခွင့်ရ Maruf Hossain Sardar ရဲ့ ကြေညာချက်ကို ကိုးကား ဖော်ပြထားပါတယ်။

XS
SM
MD
LG