သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မြေပြိုမှုဒဏ် HRW စိုးရိမ်


A Rohingya refugee camp in Cox's Bazar, Bangladesh, September 19, 2017.
A Rohingya refugee camp in Cox's Bazar, Bangladesh, September 19, 2017.

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ တွေဟာ မုတ်သုန်ရာသီအတွင်း မြေပြိုတဲ့ ဒဏ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာမို့ ကုလသမဂ္ဂနဲ့ တခြားလူသားချင်းစာနာမှုအဖွဲ့တွေရဲ့ အကူအညီကိုယူပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်တွေကို ဘေးကင်းရာ အမြန်ရွှေ့ပြောင်းပေးဖို့ Human Rights Watch လူ့အခွင့်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။

တာပေါ်လင်တွေနဲ့ ဝါးတွေ သုံးပြီး ဆောက်လုပ်ထားတဲ့ နေရာတွေမှာ နေထိုင်တဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာဟာ မုတ်သုန်ရာသီတွင်း ဆိုင်ကလုံးနဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှု ဒဏ်ကိုခံရနိုင်တာပါ။ ကူတူးပါလောင် နဲ့ ဘာလူခါလီ ဒုက္ခသည်စခန်းတွေဟာ တောရှင်းထားတဲ့ မတ်စောက်တဲ့ တောင်စောင်းတွေက သဲမြေ၊ ရွှံ့မြေတွေပေါ်မှာ ဆောက်လုပ်ထားတာမို့ အဲဒီမှာနေထိုင်တဲ့ ဒုက္ခသည်တွေဟာ မြေပြိုတဲ့ ဒဏ်ခံရနိုင်တယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိနေတာပါ။ Human Rights Watch အဖွဲ့ ဒုက္ခသည်အခွင့်ရေးဆိုင်ရာ ဒါရိုက်တာ Bill Frelick ကတော့ တချို့ ဒုက္ခသည်တွေရဲ့ နေအိမ်လေးတွေဟာ မိုးကျလာတာနဲ့ ပျက်စီးကုန်သလို သူတို့နေထိုင်ရာ နေရာက လမ်းတွေကလည်း သိပ်ချော်တဲ့အတွက် အန္တရာယ် ကြီးတာမို့ ရိုဟင်ဂျာတွေဟာ ကပ်ဘေးတခု ကျလာမှာကို စောင့်နေတဲ့ အနေထားဖြစ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ မြေပြိုမှုကြောင့် ဒုက္ခသည်စခန်း နံပါတ် ၁၁ က မိသားစု ၃ စု နေထိုင်ရာ တဲအိမ်လေးတလုံး ပျက်စီးသွားခဲ့ပါတယ်။ ဒုက္ခသည်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ တာဝန်ရှိသူတွေကို ပန်ကြားကြပေမယ့် ပြောင်းစရာနေရာ မရှိသလို တခြားတဲအိမ်တွေ အားလုံးလည်း အချိန်မရွေး ပျက်စီးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။

XS
SM
MD
LG