သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ၆၇ ဦးသေဆုံးခဲ့တဲ့ မီးလောင်ပြင် ဝန်ကြီးချုပ်ရှိတ် ဟာဆီနာ သွားရောက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ အဆောက်အဦး ၅ ခု လောင်ကျွမ်းနေတာကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ မီးသတ်ဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ အဆောက်အဦး ၅ ခု လောင်ကျွမ်းနေတာကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ မီးသတ်ဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ဒါကာမြို့တော်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မီးလောင်ကျွမ်းမှုအတွင်း ဒဏ်ရာရသွားတဲ့ သူတွေဆီကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးသူတွေကတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ၅ ထပ်တိုက် အဆောက်အအုံရဲ့ မြေအောက်ခန်းမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို သိုလှောင် ထားတာ တွေ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဟာဆီနာက သူ့အနေနဲ့ ဒါကာမြို့တော်ရဲ့ သက်တမ်းအကြာဆုံးအပိုင်းကနေ ဓါတုပစ္စည်းဂိုဒေါင်တွေအားလုံးကို ဖယ်ထုတ်ပစ်ချင်တယ်လို့ ဒါကာ ဆေးတက္ကသိုလ် ဆေးရုံက မီးလောင်ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေတဲ့ အဆောင်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါ တယ်။ ဒါကာမြို့ရဲ့ အဲဒီအပိုင်းမှာ လူနေ တိုက်ခန်းတွေ၊ ဈေးဆိုင်တွေ၊ ဂိုဒေါင်တွေ နဲ့ ပြည့်နေတာဖြစ်ပါတယ်။

အဲဒီမီးလောင်ကျွမ်းမှုကြောင့် ၆၇ ယောက်ထက်မနည်းသေဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရ သွားခဲ့ပြီး အလွန်ကို မီးလောင်လွယ်တဲ့ ဓါတုပစ္စည်းတွေ သိုလှောင်ထားတဲ့ အဲဒီ ၅ ထပ် တိုက် အဆောက်အအုံကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓါတုပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်တွေကို ဒါကာမြို့ဟောင်းမှာ မရှိအောင် အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့်လည်း အဲဒီမှာ ဆက်ရှိနေတာကတော့ အလွန်ကို ဝမ်းနည်းစိတ်မကောင်းစရာပါလို့ ဝန်ကြီးချုပ်ဟာဆီနာက ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့်ရှ်အစိုးရကတော့ လူနေရပ်ကွက်တွေ အတွင်း စက်ရုံလုပ်ငန်းတွေ မလုပ်ဖို့ကို တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG