သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ အၾကမ္းဖက္တိုက္ခိုက္ခံရမႈ တရားခံ ၇ဦး ေသဒဏ္ခ်မွတ္


(Zawgyi/Unicode)

Bangladesh ႏိုင္ငံ Dhaka ၿမိဳ႕ေတာ္မွာ ၂၀၁၆ ခုႏွစ္က ၂၂ ေယာက္ ေသဆံုးခဲ့တဲ့ တိုက္ခိုက္မႈကို ပူးေပါင္းႀကံစည္မႈနဲ႔ အစၥလာမ္စစ္ေသြးႂကြ အဖဲြ႔ဝင္ ၇ ေယာက္ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးအထူးခံု႐ံုးက ေသဒဏ္ခ်လိုက္ပါတယ္။

ေကာ္ဖီဆိုင္ တခုအေပၚ တိုက္ခိုက္မႈမွာ ေသဆံုးသူအမ်ားစုက ႏိုင္ငံျခားသားေတြ ျဖစ္ပါတယ္။ မတရားအသင္းအျဖစ္ သတ္မွတ္ထားတဲ့ စစ္ေသြးႂကြအဖဲြ႔ဝင္ ၇ ေယာက္ရဲ႕ လုပ္ရပ္ဟာ သံသယျဖစ္စရာ မလိုေအာင္ သက္ေသခိုင္လံုတယ္လို႔ အမိန္႔ေၾကညာၿပီးေနာက္ အစိုုးရေ႐ွ႕ေနေတြက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

တိုက္ခိုက္မႈမွာ ပတ္သက္တယ္လု႔ိ စြပ္စြဲခံရတဲ့ ၈ ေယာက္ေျမာက္သူကေတာ့ အမႈကေန လြတ္ေျမာက္ခဲ့ပါတယ္။ ၂၀၁၆ ဇူလိုင္ လ ၁ ရက္ေန႔တုန္းက Jamaat-ul-Mujahideen အစၥလာမ္စစ္ေသြးႂကြအဖဲြ႔ဝင္ ၅ ေယာက္က Dhaka ၿမိဳ႕က ေကာ္ဖီဆိုင္တခုကို ဝင္ေရာက္စီးနင္းၿပီး ၁၂ နာရီၾကာဓါးစာခံေတြကို ဖမ္းဆီး သတ္ျဖတ္ခဲ့တာပါ။

စီးနင္းမႈအတြင္း အီတလီလူမ်ဳိး ၉ ေယာက္၊ ဂ်ပန္လူမ်ဳိး ၇ ေယာက္၊ အေမရိကန္ ၁ ေယာက္၊ India လူမ်ဳိး ၁ ေယာက္တုိ႔ ေသဆံုးခဲ့ပါတယ္။ Commando အထူးတပ္ဖဲြ႔ေတြနဲ႔ အျပန္အလွန္ပစ္ခတ္မႈအတြင္း အၾကမ္းဖက္သမား ၅ ေယာက္လည္း ေသဆံုးခဲ့ပါတယ္။

မူဆလင္အမ်ားစု႐ွိတဲ့ Bangladesh ႏိုင္ငံမွာ sharia ဥပေဒက်င့္သံုးဖုိ႔ ႀကိဳးစားတဲ့ Jamaat-ul-Mujahideen အဖဲြ႔ကို မတရားအသင္း အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်တိုက်ခိုက်ခံရမှု တရားခံ ၇ဦး သေဒဏ်ချမှတ်

Bangladesh နိုင်ငံ Dhaka မြို့တော်မှာ ၂၀၁၆ ခုနှစ်က ၂၂ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ပူးပေါင်းကြံစည်မှုနဲ့ အစ္စလာမ်စစ်သွေးကြွ အဖွဲ့ဝင် ၇ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးခုံရုံးက သေဒဏ်ချလိုက်ပါတယ်။

ကော်ဖီဆိုင် တခုအပေါ် တိုက်ခိုက်မှုမှာ သေဆုံးသူအများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ မတရားအသင်းအဖြစ် သတ်မှတ်ထားတဲ့ စစ်သွေးကြွအဖွဲ့ဝင် ၇ ယောက်ရဲ့ လုပ်ရပ်ဟာ သံသယဖြစ်စရာ မလိုအောင် သက်သေခိုင်လုံတယ်လို့ အမိန့်ကြေညာပြီးနောက် အစိုးရရှေ့နေတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ ပတ်သက်တယ်လု့ိ စွပ်စွဲခံရတဲ့ ၈ ယောက်မြောက်သူကတော့ အမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ ၂၀၁၆ ဇူလိုင် လ ၁ ရက်နေ့တုန်းက Jamaat-ul-Mujahideen အစ္စလာမ်စစ်သွေးကြွအဖွဲ့ဝင် ၅ ယောက်က Dhaka မြို့က ကော်ဖီဆိုင်တခုကို ဝင်ရောက်စီးနင်းပြီး ၁၂ နာရီကြာဓါးစာခံတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာပါ။

စီးနင်းမှုအတွင်း အီတလီလူမျိုး ၉ ယောက်၊ ဂျပန်လူမျိုး ၇ ယောက်၊ အမေရိကန် ၁ ယောက်၊ India လူမျိုး ၁ ယောက်တို့ သေဆုံးခဲ့ပါတယ်။ Commando အထူးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမား ၅ ယောက်လည်း သေဆုံးခဲ့ပါတယ်။

မူဆလင်အများစုရှိတဲ့ Bangladesh နိုင်ငံမှာ sharia ဥပဒေကျင့်သုံးဖို့ ကြိုးစားတဲ့ Jamaat-ul-Mujahideen အဖွဲ့ကို မတရားအသင်း အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG