သုံးရလွယ်ကူစေသည့် Link များ

ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ် ပြန်နှင်ထုတ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar နယ်စပ်ကို တိမ်းရှောင် လာကြတဲ့ မူဆလင် ဒုက္ခသည်များ။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar နယ်စပ်အနီး အနည်းဆုံး မူဆလင် ဒုက္ခသည် ၃၄၀ တင်ဆောင်လာတဲ့ လှေပေါင်း ၃၄ စီးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က ကြားဖြတ်ဝင်ရောက် တားဆီးပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည်နှင်ထုတ် လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒီလူတွေကို နှစ်နိုင်ငံ နယ်ခြားဖြစ်တဲ့ နတ်မြစ်အတွင်း Fuler Dale၊ Jadimura နဲ့ Kanjormarha ဆိုတဲ့ နေရာ သုံးနေရာကနေ တနင်္ဂနွေနေ့မှာ ပြန်လှည့် သွားခိုင်းခဲ့တာ ဖြစ်ကြောင်း Taknaf အခြေစိုက် နယ်ခြားစောင့် တပ်ရင်းက ဗိုလ်မှုး Abu Russel Siddiqui က ပြောကြောင်း ဖေါ်ပြထားပါတယ်။ လှေတစင်းစီမှာ လူဆယ်ယောက်လောက် လိုက်ပါလာတယ်လို့လည်း နယ်ခြားစောင့် အရာရှိကပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ သယ်ဆောင်လာတဲ့လှေ စုစုပေါင်း ၄၅၉ စီးကို ပြန်လည် နှင်ထုတ်ခဲ့ရပြီး ဖြစ်ကြောင်း ဗိုလ်မှုး Russel ကပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ လက်နက်ကိုင် သူပုန်တွေရဲ့ တိုက်ခိုက် မှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီးနောက် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ချိန်ကစပြီး အခုလို ထွက်ပြေးနေကြကြောင်း ရေးသားထားပါတယ်။

XS
SM
MD
LG