သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Sheikh Hasina နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို


Bangladesh Nationalist party (BNP) activists take part in a rally in Dhaka on July 28, 2023, to demand the resignation of Prime Minister Sheikh Hasina and a general election under a neutral caretaker government. (Photo by Munir uz ZAMAN / AFP)
Bangladesh Nationalist party (BNP) activists take part in a rally in Dhaka on July 28, 2023, to demand the resignation of Prime Minister Sheikh Hasina and a general election under a neutral caretaker government. (Photo by Munir uz ZAMAN / AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူတွေဟာ ဒီနေ့မှာတော့ ဒါကာမြို့တော်က လမ်းမတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ ဝန်ကြီးချုပ်အစိုးရကို ထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေကြား အပြန်အလှန် ခဲတွေနဲ့ ပစ်ပေါက်၊ ထိပ်တိုက်တွေ့ခဲ့ကြတဲ့အတွက် ရဲတွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

မြို့တော် ဒါကာ တဝိုက်က အရေးပါတဲ့ လမ်းဆုံ လမ်းဂွတွေကိုပိတ်ပြီး ဆန္ဒပြကြတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို ရှင်းလင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒါကာမြို့တော် ရဲမင်းကြီးက AFP သတင်းဌာနကို ပြောပါတယ်။

ဒါကာမြို့ဝန်းကျင်က အနည်းဆုံး နေရာ ၄ ခုလောက်မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။ BNP ပါတီခေါင်းဆောင် Goyeshwar Roy နဲ့ Amanullah Aman တို့ ၂ ဦးကို ရဲတပ်ဖွဲ့က ထိမ်းသိမ်းထားပေမဲ့ အမှုဖွင့်ဖမ်းဆီးတာမျိုး မဟုတ်သေးပါဘူးလို့ ရဲမင်းကြီးက ဆိုပါတယ်။

လာမယ့် ဇန်နဝါရီလမှာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမတိုင် ဝန်ကြီးချုပ်အနေနဲ့ ရာထူးကဆင်းပေးပြီး အိမ်စောင့်အစိုးရ ဖွဲ့ပေးဖို့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) ကတောင်းဆိုနေပြီး ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ဆက်တိုက်လုပ်လာခဲ့တာပါ။ ဒီတောင်းဆိုချက်ကို ဝန်ကြီးချုပ် Sheikh Hasina က ပယ်ချထားပါတယ်။ အခုသီတင်းပတ်အတွင်းမှာပဲ အတိုက်အခံ BNP ပါတီဌာနချုပ်ရှေ့ လူထုစုဝေးပွဲတခု မလုပ်ခင် BNP ပါတီထောက်ခံသူ ၅၀၀ ထက်မနည်းကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG