သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒက်ကာမှာ ဖောက်ခွဲရေး ပစ္စည်းတွေ ဖမ်းမိ


 Dhaka မှာ ဖောက်ခွဲရေးပစ္စည်းမာျးရဲများ ရှာဖွေတွေ့ရှိခဲ့စဉ်
Dhaka မှာ ဖောက်ခွဲရေးပစ္စည်းမာျးရဲများ ရှာဖွေတွေ့ရှိခဲ့စဉ်

ဘင်္ဂလားဒက်ရှ် နိုင်ငံ မှာ မကြာခင်ကာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးဆက်နွယ်မှု ရှိမယ်လို့ သံသယရှိတဲ့ ဂျမားတူလ် မူဂျာဟေဒင် JMB အဖွဲ့က စစ်သွေးကြွတွေရဲ့ ပုန်းခိုရာနေရာမှာ တနင်္ဂနွေနေ့က ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိကြောင်း ဘင်္ဂလားဒက်ရှ် ရဲအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

မူစလင် အများစုနေထိုင်ရာ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တုန်းက အစွန်းမရောက်တဲ့ တက်ကြွလှုပ်ရှားသူ အများအပြား အသတ်ခံရတာ၊ လူနည်းစု ရှီယာမူစလင်တွေ၊ ခရစ်ယန်ဘုန်းတော်ကြီးတွေနဲ့ ဟိန္ဒူဘုရားကျောင်းတွေ အတိုက်ခိုက်ခံရတာလို အစ္စလာမ် အကြမ်းဖက် မှုတွေ တိုးလာတာပါ။

အစောပိုင်းက ဒက်ကာမြို့တော်မှာ ဖမ်းဆီးရမိတဲ့ JMB အဖွဲ့က အဖွဲ့ဝင်တွေဆီက ရတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ဒက်ကာမြို့ပြင်က အိမ်တအိမ်မှာ ဝင်ရောက်ရှာဖွေခဲ့တာလို့ ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။ ဝင်ရာက်စီးနင်းမှုကနေ အဲဒီမှာ ဗုံးပြုလုပ်တဲ့ ကရိယာ အများအပြားနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို တွေ့ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအဖွဲ့ဟာ ရှီယာဘုရားကျောင်းတခုနဲ့ နိုင်ငံခြားသား ၂ ဦးကို သတ်ဖြတ်တာလိုမျိုး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်မှုတွေရှိနေမယ်လို့ ယုံကြည်ကြပါတယ်။

IS စစ်သွေးကြွ အဖွဲ့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဟိန္ဒူဘုန်းတော်ကြီးတပါးကို သတ်ဖြတ်တာနဲ့ နိုဝင်ဘာလတုန်းက ရှီယာဗလီတခုကို တိုက်ခိုက်တာ အပါအဝင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို သူတို့ လုပ်ဆောင်တာလို့ ကြေညာ ပါတယ်။

ဘင်္ဂလားဒက်ရှ် အစိုးရကတော့ သူတို့နိုင်ငံထဲမှာ IS အစွန်းရောက်တွေ မရှိဘူးလို့ ငြင်းဆိုနေတာပါ။

XS
SM
MD
LG