သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ နယ်စပ်ခြံစည်းရိုးကာဖို့ စီစဉ်နေပြီ

မြန်မာနိုင်ငံဘက်က ကာရံထားသည့် နယ်စပ်ခြံစည်းရိုးမြင်ကွင်းတခု။ ၂၄ ဇန်နဝါရီ ၂၀၁၈။
မြန်မာနိုင်ငံဘက်က ကာရံထားသည့် နယ်စပ်ခြံစည်းရိုးမြင်ကွင်းတခု။ ၂၄ ဇန်နဝါရီ ၂၀၁၈။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်မှာ သံဆူးကြိုးခတ် ခြံစည်းရိုးကာရံဖို့ ပြင်ဆင်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် Shahpori ကျွန်းကနေ မိုင် ၁၇၀ နီးပါးရှည်တဲ့ ပတ်လမ်းတခုနဲ့အတူ သံဆူးကြိုးခတ် ခြံစည်းရိုး ကာရံ မယ့်အကြောင်း တနင်္ဂနွေနေ့ လွှတ်တော်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောသွားတာပါ။ နယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်တာ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးတာနဲ့ တခြားရာဇဝတ်ပြစ်မှုတွေကို တားဆီးဖို့ ရည်ရွယ်တယ်လို့ ဝန်ကြီး Khan ကပြောပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း နှစ်နိုင်ငံနယ်စပ်တလျှောက် ခြံစည်းရိုးကာထားတာရှိပြီး နယ်စပ်အရှည် မိုင် ၁၇၀ မှာ မိုင် ၁၃၀ ကို ခြံစည်းရိုးကာထားပြီးပါပြီ။ ဒါပေမယ့်လည်း နဂိုရှိထားပြီးသား ခြံစည်းရိုးကို ပြင်ဆင်ဖို့လိုနေသလို နောက်ထပ်တိုးချဲ့ဖို့လည်း လိုနေတာပါ။

ဒီခြံစည်းရိုးခတ်ဖို့ကိစ္စကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းကလုပ်တဲ့ အစိုးရအဖွဲ့ အဆင့်မြင့်အစည်းအဝေးတခုအတွင်း ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီအစည်းအဝေးပြီးတဲ့နောက် အဲဒီအချိန် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြစ်တဲ့နည်းနဲ့ ခြံစည်းရိုးခတ်ဖို့ လုပ်သွားမှာဖြစ်ကြောင်း၊ နောက်နှစ်အထိ စောင့်မှာမဟုတ်ကြောင်း၊ ရန်ပုံငွေ ဘယ်ကရမယ်ဆိုတာ မသိပေမယ့် လုပ်သွားမှာဖြစ်ကြောင်း ပြောခဲ့တာကို သတင်းတွေမှာ ဖော်ပြကြပါတယ်။ လက်ရှိမှာတော့ အဲဒီခြံစည်းရိုးခတ်တဲ့လုပ်ငန်း ဘယ်အခြေနေမှာရောက်နေတယ်ဆိုတာ အတိအကျမသိရပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ နယ်စပ်ခြံစည်းရိုးကာဖို့ စီစဉ်နေပြီ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG