သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် Hasina G-7 ညီလာခံ မှာ ရိုဟင်ဂျာအရေး ဆွေးနွေးမည်


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina ဟာ ကနေဒါနိုင်ငံ Quebec မှာ ဇွန် ၈ ရက်- ၉ ရက်မှာ ကျင်းပမယ့် စက်မှုအင်အားကြီး ၇ နိုင်ငံ G 7 ခေါင်းဆောင်တွေရဲ့ အထူးတိုးချဲ့အစည်းဝေးကို တက်ရောက်ဖို့ ဗုဒ္ဓဟူးနေ့မှာ ကနေဒါကို ထွက်ခွါမှာ ဖြစ်ပါတယ်။

ဇွန် ၉ ရက်မှာ ကျင်းပမယ့် အထူးတိုးချဲ့ညီလာခံမှာ ရိုဟင်ဂျာ ပဋိပက္ခ အပြင် ကိစ္စရပ်တော်တော်များများကို ဝန်ကြီးချုပ် Hasina က ပါဝင်ဆွေးနွေးဖို့ ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး A H မာမွတ်အာလီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Treadeau က အထူးတိုးချဲ့ အစည်းအဝေးမှာ G 7 စက်မှု ထိပ်သီး ၇ နိုင်ငံနဲ့ ဆွေးနွေးဖို့ ဝန်ကြီးချုပ် Sheikh Hasina ကုလသမ၈္ဂအတွင်းရေးမှုးချုပ် Antonio Guterres ၊ IMF ဥက္ကဌ Christine Lagarde တို့အပါအဝင် ခေါင်းဆောင် ၁၂ ဦးတို့ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Hasina ဟာ သူ့ခရီးစဉ်အတွင်း ကနေဒါဝန်ကြီးချုပ် နဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ၂ နိုင်ငံကြား တွေ့ဆုံဆွေးနွေးရာမှာ ရိုဟင်ဂျာအရေး ကနေဒါရဲ့ ထိထိရောက်ရောက် ပါဝင်လှုပ်ရှားတဲ့ အခန်းကဏ္ဍကိုပါ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ကနေဒါက အထောက်အကူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Sheikh Hasina အနေနဲ့ တခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း ညီလာခံ ဘေးပန်းမှာတွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။ ကနေဒါ အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် Bob Rae ရဲ့ အစီရင်ခံစာကို လက်ခံရရှိခဲ့ပြီးတဲ့ နောက် G 7 ညီလာခံမှာ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ဒီမိုကရေစီ ဆိတ်သုန်းစ ပြုနေတဲ့ ဗင်နီဇွဲလား နိုင်ငံအရေးတွေ ထည့်သွင်းဆွေးနွေးဖို့ ညီလာခံကို တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG