သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၄ ဦးသေ


ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၄ ဦးသေ
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၄ ဦးသေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တာကြောင့် လူ ၄ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုပစ်ခတ်မှုဟာ တနင်္ဂနွေနေ့က Chandpur and Laksmipur မြို့တွေမှာ ဖြစ်ပွားခဲ့တာပါ။ ရွေးကောက်ပွဲကို ကြားဖြတ် စောင့်ကြည့်ပေးတဲ့ စနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် BNP ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီဝင်တွေ ဆန္ဒပြတဲ့အချိန်မှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူတွေက ရဲတွေကို ခဲတွေနဲ့ပေါက်ပြီး ရဲတွေကာထားတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတာကြောင့် အခုလို သေနတ်နဲ့ ပစ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ သီးခြား လွတ်လပ်တဲ့ ကြားဖြတ်အစိုးရကနေ ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်မယ့် စနစ်တစ်ခု ဖန်တီးပေးဖို့ BNP ပါတီဝင်တွေ တခြားမြို့တွေမှာလည်း ဆန္ဒပြ တောင်းဆိုမှုတွေ ရှိခဲ့တယ် ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

ဒီလို ကြားဖြတ်အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်ရေး အစီအစဉ်ကိုတော့ ဝန်ကြီးချုပ် ရှိက်ဟာဆီနာ (Sheikh Hasina) အစိုးရက ပယ်ဖျက်ခဲ့တာပါ။ လက်ရှိ အာဏာရ Awami League ပါတီဝင်တွေနဲ့ BNP ပါတီဝင်တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်မှာစိုးတဲ့အတွက် မြို့တော် ဒါကာမှာ တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ချီတက်ဆန္ဒပြပွဲ အစီအစဉ်ကို ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ပါဘူး။

XS
SM
MD
LG