မုဒိန်းကျင့်ခံခဲ့ရတဲ့အမျိုးသမီးတွေအပါအ၀င် ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေကို လက်ခံဖို့ကနေဒါနိုင်ငံက ကမ်းလှမ်းချက် အပေါ် ဘင်္ဂလားဒေ့ခ်ျဘက်က ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း ကနေဒါနိုင်ငံခြားရေး ၀န်ကြီး Chrystia Freeland ဘင်္ဂလားဒေ့ခ်ျနိုင်ငံကိုသွားရောက်ခဲ့ တုန်းက ဒုက္ခသည်တွေကို အတိုင်းအတာတခု အထိ ကနေဒါနိုင်ငံက လက်ခံမယ့်အကြောင်း ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီကမ်းလှမ်းချက်က အခုထိ လမ်းဖွင့်ထား တုန်းပဲလို့ ကနေဒါ အရာရှိတွေကပြောတဲ့အကြောင်း အလ်ဂျာဇီးရား သတင်းမှာမနေ့က ဖေါ်ပြထားပါတယ်။
UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးအဖွဲ့ရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ခ်ျနဲ့ ကနေဒါ၂ နိုင်ငံ အကြား ဒုက္ခသည်ခေါ်ယူရေးကိစ္စကိုဆွေးနွေးနေကြတယ်။ ဘင်္ဂလားဒေ့ခ်ျအရာရှိတွေအနေနဲ့လည်း ဒီကိစ္စကို လေ့လာ ကြလိမ့်မယ်လို့ ဘင်္ဂလားဒေ့ခ်ျဝန်ကြီးချုပ် ရှိခ် ဟာစီနာကေ ပြာပါတယ်။ ကနေဒါဘက်ကလည်း ဒုက္ခသည်လက်ခံရေး ကိစ္စကို ဘင်္ဂလားဒေ့ခ်ျနဲ့ဆွေးနွေးလိုပါတယ်လို့ ကနေဒါနိုင်ငံ ခြားရေးဝန်ကြီးက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ဖိစီးနှိပ်စက်မှုတွေ မြန်မာနိုင်ငံအတွင်းမှာကြီးကြီးမားမား ရှိနေနိုင်သေး တာ မို့မြန်မာနိုင်ငံကိုဒီလအတွင်း ဒုက္ခသည်ပြန်ပို့ဖို့စီစဉ်နေတဲ့ ကိစ္စတွေကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂလူ့ အခွင့်အရေး ဆိုင်ရာ စုံစမ်းစစ်ဆေးသူက ဘင်္ဂလား ဒေ့ခ်ျကို အင်္ဂါနေ့ကပဲ တိုက်တွန်းထားပါတယ်။