သုံးရလွယ်ကူစေသည့် Link များ

မြန်မာနယ်စပ် လူ ၆၀၀ ကျော် လူမှောင်ခိုလက်မှ ဘင်္ဂလားကယ်တင်


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကလို့ဆိုတဲ့ လူမှောင်ခိုကူးခံရသူ ၆၀၀ ကျော်ကို တောင်အာရှဒေသ ကမ်းလွန်ပင်လယ်မှာ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ကယ်တင်လိုက်ပါတယ်။ ဒါဟာဖြင့် လူမှောင်ခိုကူးခံရသူတွေကို ကယ်တင်တာမှာ တကြိမ်ထဲနဲ့ အရေအတွက်အများဆုံး ကယ်တင်မှုဖြစ်ပါတယ်။

အဲဒီလူတွေကို မြန်မာအလံလွှင့်ထူထားတဲ့ ပေ ၇၀ ကျော်ရှည် သင်္ဘောပေါ်မှာတွေ့ရတာပါ။ သင်္ဘောဝန်ထမ်း ၁၄ ဦးကို လူ မှောင်ခိုကူးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားပါတယ်။ လူမှောင်ခိုကူ းခံရသူတွေဟာ မလေးရှားနိုင်ငံဆီ သူတို့သွားနေတယ်လို့ မျှော်လင့်ကြပေမယ့် မကြာခနဆိုသလို ပြန်ပေးဆွဲခံရ၊ ထိုင်းနိုင်ငံထဲက တောတွေထဲဆီ ခေါ်သွားခံကြရပါတယ်။

ပုံမှန်အားဖြင့်တော့ သူတို့ မိသားစုဆွေမျိုးသားချင်းတွေက ငွေပေးတဲ့အထိ ထိန်းခံထားကြရတာပါ။ ပြန်ပေးငွေမပေးဘူးဆိုရင် တော့ လူမှောင်ခိုကူးသူတွေက သူတို့ကို သတ်ပစ်တာ ဒါမှမဟုတ် ကျွန်တွေလို ရောင်းစားတာ ခံကြရပါတယ်။

XS
SM
MD
LG