သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အဓိကရုဏ်း လူသေဆုံး


လူသေဆုံးမှုအထိဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်အဓိကရုဏ်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၃)
လူသေဆုံးမှုအထိဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်အဓိကရုဏ်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၃)
Bangladesh နိုင်ငံ Dhaka မြို့မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောင်းသား တစ်ဦးသေဆုံးခဲ့ တယ်လို့ အစိုးရ တာဝန်ရှိသူတွေကပြောဆိုပါတယ်။ နိုင်ငံရေး အရ အကြီးအကျယ် လူစုလူဝေးလုပ်ခွင့်ကို အစိုးရက တားမြစ်တာကို အံတုတဲ့ အနေနဲ့ ဆန္ဒပြသူတွေက Dhakar မြို့မှာ တနင်္ဂနွေနေ့က စုရုံးခဲ့ကြရာ ကနေဖြစ်ပွားတဲ့ ပဋိပက္ခမှာ ကျောင်းသားတစ်ဦးသေဆုံးခဲ့တာပါ။

Jan 5 ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ် Shiekh Hasina ကို တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲလုပ်ဖို့ ကြိုးပမ်းမှုကို ဟန့်တားဖို့ အတွက် Dhaka မြို့မှာ ထောင်နဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ချထားပါတယ်။ ဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲတွေကို ကြီးကြပ်ဖို့ လွတ်လပ်တဲ့ ကြားဖြတ် အဖွဲ့လက်ကို အာဏာလွဲအပ်ဖို့ ဝန်ကြီးချုပ်ကို အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီက တောင်းဆိုနေတာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်ကို ဝန်ကြီးချုပ် Hasina က ပယ် ချလိုက်ပြီး ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ် ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ တနင်္ဂနွေနှောင်းပိုင်း ကျင်းပတဲ့ လူထုဆန္ဒပြပွဲကို ဝန်ကြီးချုပ်ဟောင်း Khaleda Zia တက်ရောက် မိန့်ခွန်းပြောဖို့ မျှော်လင့်ထားခဲ့ကြပေမဲ့ Ms. Zia ရဲ့ ကားအိမ်ထဲက မထွက်နိုင်အောင် ရဲတပ်ဖွဲ့တွေက တားဆီး ထားခဲ့ပါတယ်။ တနင်္ဂနွေနေ့ လူထုချီတက်ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ရာနဲ့ချီတဲ့ လူတွေကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလိုက်ပါတယ်၊
XS
SM
MD
LG