သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh ရောက် ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းကျော် ဇီဝမှတ်ပုံတင် လုပ်ပြီး


kutupalong ဒုက္ခသည်စခန်းတွင်း တရားဝင် စာရင်းဝင် အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ ကလေးငယ်။
kutupalong ဒုက္ခသည်စခန်းတွင်း တရားဝင် စာရင်းဝင် အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ ကလေးငယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲက ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ စာရင်းတွေ အရ ၈၄၄, ၂၂၇ ယောက်အတွက် ဇီဝ အချက်အလက်ဆိုင်ရာ မှတ်ပုံတင် လုပ်ပေးပြီးပြီလို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

DIP ဘင်္ဂလားဒေ့ရှ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်စပို့ဌာနက Ukhia နဲ့ Teknaf ဒေသတွေမှာ ယာယီစခန်း ၁၂ ခုချပြီး မှတ်ပုံတင် လုပ်ပေးခဲ့တာပါ။

စက်တင်ဘာ ၁၁ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် တွေထဲက ၃ သောင်း ၆ ထောင်ကျော်ဟာ မိဘမဲ့တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ မိဘမဲ့ ကလေးတွေထဲက ယောင်္ကျားလေးက တသောင်း ၇ ထောင်ကျော်နဲ့ မိန်းကလေးက တသောင်း ၈ ထောင်ကျော် ရှိနေတာပါ။

နယ်စည်းမခြား ဆေးဝန်ထမ်းများ အဖွဲ့ဖြစ်တဲ့ Medecins Sans Frontieres (MSF) ရဲ့ စစ်တမ်းတွေ အရ သြဂုတ်လနဲ့ စက်တင်ဘာလ အတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာက အနည်းဆုံး ၆၈၀၀ လောက် ရှိနိုင်တယ်လို့ ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Bangladesh ရောက် ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းကျော် ဇီဝမှတ်ပုံတင် လုပ်ပြီး
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG