သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက ဒုက္ခသည်တွေ ထပ်မံလက်မခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့ မြင်ကွင်း။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့ မြင်ကွင်း။

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ထပ်ပြီးလက်မခံနိုင်တော့ဘူးလို့ Bangladesh နိုင်ငံကပြောကြားလိုက်ပြီး နယ်စပ်ကိုပိတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ကြာသပတေးနေ့က ဆွေးနွေးမှုအတွင်း Bangladesh နိုင်ငံခြားရေးဝန်ကြီး Shahidul Haque ကပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကလူတွေကို Bangladesh နိုင်ငံက ထပ်ပြီး လက်ခံနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းမပေးတဲ့အတွက် လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် အားမရဖြစ်ရတယ်လို့လည်း သူက ဖော်ပြပြောကြားခဲ့ ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ Bangladesh ဘက်က ဒုက္ခသည်တွေကို ပြန်ပို့တဲ့ကိစ္စမှာ မြန်မာရော Bangladesh ပါ သဘောတူညီ ချက် အတိုင်း အတိအကျလိုက်နာမယ်ဆိုရင် နေရပ်ပြန်ပို့ရေးကိစ္စအောင်မြင်မယ်လို့ မြန်မာဘက်က အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

လူသားချင်းစာနာစရာပြဿနာကြီးကို အမြန်ဆုံးဖြေရှင်းရမယ်ဆိုတာကို မြန်မာအစိုးရက အပြည့်အဝ နားလည်တယ်လို့ သံအမတ်ကြီးဟောက်ဒိုဆွမ်းက ပြောပါတယ်။ ပြန်လည်လက်ခံတဲ့လုပ်ငန်းတွေ မစခင် စိတ်ပိုင်း ရုပ်ပိုင်း အတားအဆီးတွေကို အရင်ကျော်လွှားနိုင်ဖို့ လိုအပ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က ပြန်လာမယ့်သူတွေအတွက် အတတ်နိုင်ဆုံး ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ပြောထားတာပါ။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ၂၀၁၇ August လထဲကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ Bangladesh ဘက်ကို ထွက်ပြေးကြသူတွေက ၇ သိန်းကျော်ရှိပါတယ်။ ဒါပေမဲ့ အခုနှစ်ထဲမှာ ရိုဟင်ဂျာတွေ ရောက်လာတာနည်းသွားပြီလို့ ထောက်ပံ့ကူညီရေးလုပ်နေတဲ့ အဖွဲ့တွေရဲ့အပြောကို ဗြိတိန်ထုတ် Guardian သတင်းစာထဲမှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်လက်နက်ကိုင် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံရခိုင်လူမျိုးတချို့လည်း Bangladesh ဘက် ထွက်ပြေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG