သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ကျောင်းသား ဆန္ဒပြပွဲ အနည်းဆုံး ၆၅ ဦး ဒဏ်ရာရ


ဆန္ဒပြကျောင်းသားတွေကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအဖွဲ့တွေက ဖြိုခွင်းခဲ့ (ဇူလိုင် ၁၆၊ ၂၀၂၄)
ဆန္ဒပြကျောင်းသားတွေကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအဖွဲ့တွေက ဖြိုခွင်းခဲ့ (ဇူလိုင် ၁၆၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့ အပြင်ဘက် Savar မှာရှိတဲ့ Jahangir Nagar တက္ကသိုလ်မှာ အင်္ဂါနေ့အစောပိုင်းက အစိုးရကို ဆန့်ကျင်ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရလိုလားတဲ့ကျောင်းသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အတွက် လုံခြုံရေးအဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေသုံးပြီး လူစုခွဲခဲ့တယ်လို့ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကပြောပါတယ်။

၁၉၇၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေအတွက် အစိုးရအလုပ်ခွဲတမ်း သတ်မှတ်ချထားပေးဖို့ တရားရုံးချုပ်က ပြီးခဲ့တဲ့ လထဲဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာ ကျောင်းသားတွေ မကျေနပ် ဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲ ဖြိုခွင်းမှုအတွင်း ဒဏ်ရာရကျောင်းသား ၅၀ ကျော်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ယောက်ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အစိုးရအလုပ်ခွဲတမ်းချတဲ့စနစ်မှာ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ၊ တိုင်းရင်းသားလူနည်းစုတွေအတွက် အလုပ်ခွဲတမ်းချမှတ်ပေးဖို့လည်း ပါဝင်ပါတယ်။

၂၀၁၈ ခုနှစ်ကလည်း အလားတူသတ်မှတ်ချက်ကို မကျေနပ်ဆန္ဒပြခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးနောက် တရားရုံးဆုံးဖြတ်ချက်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လ ဆုံးဖြတ်ချက်အရ စစ်မှုထမ်းဟောင်းတွေရဲ့ သားစဉ်မြေးဆက်တွေအတွက် အစိုးရအလုပ်ခွဲတမ်း ၃၀ ရာခိုင်နှုန်းထည့်သွင်းသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျောင်းသားတွေမကျေနပ်ဆန္ဒပြကြတာပါ။

ဆန္ဒပြပွဲတွေကြောင့် ခွဲတမ်းသတ်မှတ်ဖို့ကိစ္စကို ဆိုင်းငံ့ထားလိုက်ပြီး နောက်ပိုင်းမှ ကိုင်တွယ် ဆုံးဖြတ်သွားမယ်လို့ တရားရုံးချုပ်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG