သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh မှာကျောင်းသားဆန္ဒပြမှု မျက်ယိုရည်ယိုဗုံးသုံးနှိမ်နင်း


ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပိုမိုလုံခြုံစိတ်ချရတဲ့ ယာဉ်စည်းကမ်းဥပဒေတွေ ဥပဒေတွေပြဌာန်ဖို့ တနင်္လာနေ့က ၉ ရက်မြောက်အဖြစ် ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

Dhaka မြို့တော်ထဲမှာ ပုဂ္ဂလိကပိုင် တက္ကသိုလ် တော်တော်များများရှိတဲ့ Bashundhara အရပ်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်း ၄၀ ထက်မနည်း ဒဏ်ရာရခဲ့ကြပြီး အများစုက ကျောင်းသူ ကျောင်းသားတွေ ဖြစ်ကြတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ကျောင်းသားဆန္ဒပြမှုတွေကို လူသိရှင်ကြားထုတ်ဖော်ပြောခဲ့တဲ့ နာမည်ကျော်ဓါတ်ပုံဆရာ Shahidul Alam ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း တနင်္လာနေ့က တောင်းဆိုခဲ့ပါတယ်။

ဓါတ်ပုံဆရာ Alam ဟာ ဆန္ဒပြပွဲတွေအကြောင်း Al-Jazeera အင်္ဂလိပ်ပိုင်းကို Interview ပေးခဲ့ပြီးနောက် ဖမ်းဆီးခံရတာလို့ Amnesty International ကပြောပါတယ်။ ခရီးသည်အရင်ရအောင် အပြိုင်မောင်းကြတဲ့ Bus ကား ၂ စင်းကြောင့် ကျောင်းသား ၂ ယောက်သေဆုံးခဲ့ရပြီးနောက် လမ်းသွား လမ်းလာတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ၊ ပိုမိုကောင်းမွန်တဲ့ ယာဉ်စည်းကမ်းဥပဒေတွေကို ပြဌာန်းပေးဖို့ ကျောင်းသားတွေ တောင်းဆိုဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ကျောင်းသားဆန္ဒပြမှုတွေရပ်သွားစေဖို့ ကြိုးစားတဲ့အနေနဲ့ ဘင်္ဂလားဒေရှ့် Cabinet အဖွဲ့က စည်းကမ်းမဲ့မောင်းလို့ ယာဉ်တိုက်သေဆုံးမှုဖြစ်ရင် ယာဉ်မောင်းကို အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်သတ်မှတ်ထားတာကို ၅ နှစ်အဖြစ် တိုးမြှင့်ချမှတ်ဖို့ တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။

Bangladesh မှာကျောင်းသားဆန္ဒပြမှု မျက်ယိုရည်ယိုဗုံးသုံးနှိမ်နင်း
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG