သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ပစ်ခတ်မှု မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်ကန့်ကွက်


ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်

မြန်မာနယ်ခြားစောင့်တပ်က ဘင်္ဂလားဒေ့ရှ်အရံတပ်ဖွဲ့ကို ပစ်ခတ်ပြီး နယ်ခြားစောင့် တဦးကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက ဒါကာမြို့တော်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး တွဲဖက် အတွင်းဝန် Mizanur Rahman က ပြင်းပြင်းထန်ထန် ရေးသားထားတဲ့ စာကို မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဆီ ပေးအပ်ပြီး ဖမ်းဆီးခံ Nayak Abdur Razzak ကို ချက်ခြင်း ပြန်ပေးဖို့ တောင်းဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ တစုံတရာ ရန်စခံရတာ မရှိပဲ ပစ်ခတ်တာကိုလဲ လုံး၀ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် စစ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်တာကို မြန်မာသံအမတ်ကြီးက ငြင်းဆန်ခဲ့တဲ့အတွက်လဲ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ The Daily Star သတင်းစာမှာ ရေးသားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ ဥပဒေမဲ့ ခိုးဝင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က သံတမန်တွေကို ရှင်းပြခဲ့တဲ့အတွက် ဇွန်လ ၅ ရက်နေ့ကလဲ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို အဲဒီလို ဆင့်ခေါ်ခဲ့ပါသေးတယ်။

XS
SM
MD
LG