သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် စက်ရုံအပြိုအပျက်ထဲ အသက်ရှင်နေသူတဦး


စက်ရုံအပျက်အစီးတွေကြားက အသက်ရှင်လျက ်အမျိုးသမီးကို ရှာတွေ့ခဲ့စဉ်။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
စက်ရုံအပျက်အစီးတွေကြားက အသက်ရှင်လျက ်အမျိုးသမီးကို ရှာတွေ့ခဲ့စဉ်။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ ရက်တုန်းက ပြိုကျခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦးပျက်တွေ အောက်မှာ အမျိုးသမီးတဦးကို အသက်ရှင်လျက် ကယ်ဆယ်ရေးဝန်ထမ်းတွေ တွေ့ရှိခဲ့ပါတယ်။ အထည်ချုပ်စက်ရုံ အများအပြားတည်ရှိရာ အဆောက်အဦး ပြိုကျသွားခဲ့ရာက သေဆုံးသူ အရေအတွက်ဟာလည်း တစ်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။

သတင်းမီဒီယာအနေနဲ့ Reshma လို့ပဲ သိထားတဲ့ အမျိုးသမီးကို သောကြာနေ့တုန်းက အသက်ရှင်လျက် ကယ်ထုတ်လိုက်နိုင်တဲ့အချိန်၊ အနီးနားမှာရှိတဲ့ လူအုပ်ကြီးက လက်ခုပ် သြဘာပေးပြီး ကြိုဆိုခဲ့ကြပါတယ်။ သူမအနေနဲ့ အဆောက်အဦးပျက်တွေကြား သူ့အနားမှာတွေ့တဲ့ ရေကိုသောက်ပြီး အသက်ရှင်နေတာလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

ဒါကာမြို့အနီးဖြစ်သွားခဲ့တဲ့ အဲဒီ အဆောက်အဦးပျက်တွေအောက်မှာ အသက်ရှင်သူ တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အစောပိုင်းမှာ စိတ်လျော့ ထားလိုက်ကြပြီး ဖြစ်ပါတယ်။

အဲဒီ အဆောက်အဦးပြိုကျမှုမှာ တာဝန်ရှိသူလို့ ယူဆသူ ၉ ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။

အဆောက်အဦးပေါ်မှာ လေးလံတဲ့ Generator မီးစက်တွေ အများအပြား လည်ပတ်တာကြောင့် အဲဒီ အလေးချိန်ကို ခံနိုင်ရည်မရှိတဲ့ အဆောက်အဦးကြီး ပြိုကျသွားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
XS
SM
MD
LG