သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်သားတွေ လစာတိုးပေးမည်


ပြီးခဲ့တဲ့လထဲမှာ လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံတွေရှိရာ အဆောက်အဦး ပြိုကျမှုနဲ့ ဆက်နွယ်ပြီး တောင်းဆိုဆန္ဒပြတာတွေကို တုံ့ပြန်တဲ့အနေနဲ့ အထည်ချုပ်စက်ရုံ လုပ်သားတွေအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို တိုးပေးဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောလိုက်ပါတယ်။

အနိမ့်ဆုံးလစာ သတ်မှတ်ချက် အသစ်အတွက် အကြံပေး တင်ပြထားကြောင်းနဲ့ ဒီလစာ သတ်မှတ်ချက်အတိုင်း မေလ ၁ ရက်နေ့ကစပြီး ထုတ်ပေးဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့က အထည်အလိပ် လုပ်ငန်းဝန်ကြီး အဘ်ဒူလ် လာတစ်ဖ် ဆစ်ဒီ (Abdul Latif Siddiky) က ကြေညာခဲ့တာပါ။ ဒီအကြံပေးချက်ကို အစိုးရအဖွဲ့ ဝန်ကြီးတွေက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်လုပ်သား တစ်ဦးအတွက် ပျမ်းမျှလစာဟာ တလကို ဒေါ်လာ ၃၈ ဒေါ်လာလောက် ရကြတာပါ။

ဧပြီလ ၂၄ ရက်နေ့က Dhaka မြို့ပြင်က စက်ရုံတွေတည်ထားတဲ့ အဆောက်အဦး ပြိုကျပြီး အများအပြား သေဆုံးမှု ဖြစ်ခဲ့ရတဲ့နောက်ပိုင်း အထည်ချုပ်စက်ရုံ လုပ်သားတွေက သူတို့ အလုပ်လုပ်ရတဲ့ အလုပ်ခွင် အခြေအနေ ညံ့ဖျင်းပြီး အန္တရာယ်ရှိနေတာနဲ့ လုပ်ခလစာ နည်းပါးတာတွေအတွက် မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာပါ။
XS
SM
MD
LG