သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့်ရှ် အစ္စလာမ်မစ် ဝါရင့်ခေါင်းဆောင်ကို စစ်ရာဇဝတ်မှုနဲ့ သေဒဏ်ချမှတ်


အထူးခုံရုံးမှာ သေဒဏ်စီရင်ခံရပြီးရဲအချုပ်ကားထဲ မဝင်ခင် အောင်ပွဲအမှတ်လက္ခဏာပြသွားသူ - Jamaat-e-Islami ပါတီခေါင်းဆောင် Mir Quashem Ali (နိုဝင်ဘာ ၂၊ ၂၀၁၄)
အထူးခုံရုံးမှာ သေဒဏ်စီရင်ခံရပြီးရဲအချုပ်ကားထဲ မဝင်ခင် အောင်ပွဲအမှတ်လက္ခဏာပြသွားသူ - Jamaat-e-Islami ပါတီခေါင်းဆောင် Mir Quashem Ali (နိုဝင်ဘာ ၂၊ ၂၀၁၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ အစလမ်မစ်ပါတီရဲ့ ဝါရင့်ခေါင်းဆောင်တဦးဖြစ်တဲ့ မားကွာဆမ်အလီ (Mir Quasem Ali) ကို စစ်ရာဇဝတ် ကျူးလွန်ခဲ့တဲ့အတွက် ဒါကာမြို့တော်စစ်ရာဇဝတ်မှုဆိုင်ရာ အထူးခုံရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးအတွက် ပါကစ္စတန်နိုင်ငံနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း ပြစ်မှုကျူးလွန်တဲ့ခဲ့တဲ့အတွက် ရုံးတော်က ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်၊ ၁၉၇၁ ခုနှစ် ၉ လကြာစစ်ပွဲအတွင်း လူ ၃ သန်းလောက် သတ်ဖြတ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က တိုက်ခိုက်ခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စွပ်စွဲ ထားပါတယ်။

အသက် ၆၂ နှစ်အရွယ် သတင်းမီဒီယာလောကရဲ့ ထင်ရှားကျော်ကြားသူ Mir Quasem Ali ဟာ Jamaat-e-Islami ပါတီကို ငွေကြေးထောက်ပံ့သူတွေထဲက တစ်ဦးအဖြစ် လူသိများပါတယ်။ မားကွာဆမ်အလီ (Mir Quasem Ali) ကိုသေဒဏ်ချမှတ်ဖို့ တရားရုံးတော်အပြင်ဖက်မှာ ဘင်္ဂလားဒေရှ့် လွတ်မြောက်ရေး တိုက်ခိုက်ရေးအဖွဲ့ Bangladesh Liberation Fighters က အဖွဲ့ဝင်တွေက စုဝေးခဲ့ကြပါတယ်။ အမှုပေါင်း ၁၄ မှုအတွက် စွဲချက်တင်တဲ့အထဲက ၁၁ မှုအတွက် သံသယဖြစ်စရာ အခြေအနေထက်ကျော်လွန်ပြီး ၂ မှုကို ကျူးလွန်ကြောင်း အပြစ်ထင်ရှားတဲ့အတွက် မားကွာဆမ်အလီကို သေဒဏ်ချမှတ်ခဲ့တာပါ။

Jamaat-e-Islami ပါတီခေါင်းဆောင်တစ်ယောက်ကို စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးအမိန့်ချပြီး နောက်တနေ့မှာ Mir Quasem Ali ကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသက် ၇၁ နှစ်အရွယ် မွတ်တား ရာမန် နဇာမီ (Motiur Rahman Nizami) ကိုလည်း အဲဒီစစ်ပွဲမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG