သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်က ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ သန်း ၆,၀၀၀ ကူညီ


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဆင်းရဲ အရေအတွက်ကို ၄၀% ကနေ ၁၅% အထိ နောက်လာမယ့် ၄ နှစ်အတွင်း လျှော့ချသွားနိုင်ရေးအတွက် ဒေါ်လာ သန်းပေါင်း ၆,၀၀၀ ကျော် ကူညီထောက်ပံ့မယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ပါဝင်တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ မဟာဗျူဟာ တရပ်ကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပါတယ်။

အထူးသဖြင့် စွမ်းအင် အများအပြား လိုအပ်နေတဲ့ကိစ္စ၊ မြို့ပြလူဦးရေ များလွန်းနေတဲ့ ကိစ္စနဲ့ ညံ့ဖျင်းတဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးမှာ တိုးပြီး ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

သဘာ၀ ပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ သဘာ၀ ဘေးဒုက္ခအတွက် ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာတွေ ကောင်းမွန်တိုးတက်ဖို့ အပါအဝင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ သက်ရောက်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခံနိုင်ရည်စွမ်း အားနည်းတာ လျော့ပါးသွားစေရေး ဦးစားပေး အစီအစဉ် တခုလည်း မဟာဗျူဟာ လုပ်ငန်းစဉ်ထဲမှာ ပါဝင်ပါတယ်။

XS
SM
MD
LG