သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒက်ရှ် ထုတ်ဝေသူတွေ အတိုက်ခိုက်ခံရမှု တရားခံရှာဖွေဆဲ


ဘင်္ဂလားဒက်ရှ်လူငယ်တွေက ထုတ်ဝေသူ Faisal Arefin Deepan အသတ်ခံရမှုကိုကန့်ကွက်ကြွေးကြော်နေစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)
ဘင်္ဂလားဒက်ရှ်လူငယ်တွေက ထုတ်ဝေသူ Faisal Arefin Deepan အသတ်ခံရမှုကိုကန့်ကွက်ကြွေးကြော်နေစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)

ဘင်္ဂလားဒက်ရှ်နိုင်ငံ မြို့တော်ဒက္ကာက စာအုပ်တိုက် ၂ ခုမှာ လူတွေ သေဆုံးခဲ့ရတဲ့အထိ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒက်ရှ် ရဲတပ်ဖွဲ့က ဒေသခံ အစ္စလာမ်ဘာသာရေးအစွန်းရောက်အုပ်စုတစုကို စုံစမ်းစစ်ဆေးနေပါတယ်။

စနေနေ့ကတိုက်ခိုက်မှုကို နိုင်ငံအတွင်း ပိတ်ပင်တားဆီးထားတဲ့ Ansullah Bangla Team (ABT) အဖွဲ့ကပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သူတို့အနေနဲ့ သံသယ ရှိကြောင်း ထိပ်တန်းရဲအရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ တခြားအိန္ဒိယတိုက်ငယ်အတွင်းမှာ အခြေစိုက်တဲ့ al-Quida စစ်သွေးကြွအဖွဲ့တခုကလည်း ဒီတိုက်ခိုက်မှုကို သူတို့ စီစဉ်လုပ်ဆောင်ခဲ့တာလို့ ပြောနေပါတယ်။

ဒက္ကာမြို့က ရှုဒတ်ဟော့စ်ဝါ (Shudhdhoswar)စာအုပ်တိုက်မှာ ထုတ်ဝေသူ Ahmed Rahim Tutul နဲ့ စာရေးဆရာ နှစ်ယောက်ကို လူ ၃ ယောက်က စနေနေ့မှာ ဓါးနဲ့ထိုးပြီး သေနတ်နဲ့လည်းပစ်ခဲ့ပါတယ်။ သူတို့ သုံးယောက်စလုံးကို ဆေးရုံတင်ထားရပြီး Tutul ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်တိုက်ခိုက်မှုတစ်ခုမှာတော့ Jagriti Prokashoni ထုတ်ဝေသူတဦးဖြစ်တဲ့ Faisal Arefin Deepan ကို သူ့ရဲ့ရုံးခန်း အတွင်းမှာ ခုတ်ထစ်သတ်ဖြတ် သွားတာကို တွေ့ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။

XS
SM
MD
LG