သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ကုလ ဒုတိယသက်တမ်း အမေရိကန် ထောက်ခံ


ဘန်ကီမွန်း ကုလ ဒုတိယသက်တမ်း အမေရိကန် ထောက်ခံ
ဘန်ကီမွန်း ကုလ ဒုတိယသက်တမ်း အမေရိကန် ထောက်ခံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ရဲ့ နောက်တကြိမ် ၅ နှစ်သက်တမ်း ဆက်ပြီး ကုလသမဂ္ဂမှာ တာဝန်ယူရေးကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုဆိုလိုက်ပါတယ်။

ဟေတီ၊ အိုင်ဗရီကို့စ်၊ လစ်ဗျားနဲ့ ဆူဒန်တောင်ပိုင်း ကိစ္စတွေ အပါအဝင် ကမ္ဘာတဝန်းက အခက်အခဲ အကျပ်အတည်းတွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက အရေးတကြီး နေရာက ဦးဆောင် ပါဝင်ခဲ့ပြီး မစ္စတာ ဘန်ကီမွန်းကလည်း အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဟာ ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းတခု မဟုတ်ဘူး ဆိုပေမဲ့လည်း ဖယ်ရှားလို့ မဖြစ်နိုင်တဲ့ အဖွဲ့အစည်း တခုပါလို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အသုံးစရိတ်တွေကို အခုထက်ပိုပြီး လျှော့ချရေး၊ ဗျူရိုကရေစီစနစ်နဲ့ ထိန်းချုပ်ထားတာတွေကို ပိုပြီး လျှော့ချရေးနဲ့ ထိရောက်တဲ့ တိုးတက်မှုတွေနဲ့ ပိုပြီးတော့ ဆောင်ရွက် လှုပ်ရှားလာရေး စသဖြင့် ပြုပြင် ပြောင်းလဲမှုတွေကို ဆက်ပြီးတော့ အားထုတ် လုပ်ဆောင်သွားဖို့လည်း အိမ်ဖြူတော်က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ နောက်တကြိမ် သက်တမ်းအတွက် ဆက်ပြီးတော့ တာဝန်ယူဖို့ အဆိုတင်သွင်းမှုကို မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

မစ္စတာ ဘန်ကီမွန်းဟာ အသက် ၆၆ နှစ် ရှိပါပြီ။ အရင်က တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

နောက်တကြိမ် ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်အဖြစ် သူ တာဝန်ကျေအောင် ထမ်းဆောင်ပ့ါမယ် ဆိုပြီးတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံကို မစ္စတာ ဘန်ကီမွန်း စာတွေ ပေးပို့ထားပါတယ်။

သူ့ကို ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တုန်းက ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် တာဝန်ကို စပြီး ခန့်အပ်ခဲ့ပါတယ်။ ဒီနှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သူ့ရဲ့ ပထမသက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG