သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ဒုတိယသက်တမ်းအတွက် လုံခြုံရေးကောင်စီ ထောက်ခံ


ဘန်ကီမွန်း ဒုတိယသက်တမ်းအတွက် လုံခြုံရေးကောင်စီ ထောက်ခံ
ဘန်ကီမွန်း ဒုတိယသက်တမ်းအတွက် လုံခြုံရေးကောင်စီ ထောက်ခံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကို ကုလသမဂ္ဂရဲ့ အကြီးအကဲ အဖြစ်နဲ့ ဒုတိယအကြိမ် ဆက်ပြီး ရွေးကောက် တင်မြှောက်ဖို့အတွက် လုံခြုံရေးကောင်စီက ထောက်ခံလိုက်ပါတယ်။ လုံခြုံရေးကောင်စီက မစ္စတာ ဘန်ကီမွန်းကို ထောက်ခံတယ်လို့ သောကြာနေ့က တရားဝင် ကြေညာလိုက်တာပါ။

လက်တင်အမေရိက နိုင်ငံတွေကို ခရီးသွားနေတဲ့ မစ္စတာ ဘန်ကီးမွန်းက သူ့အပေါ်မှာ အခုလို ထောက်ခံမဲ ပေးခဲ့ကြတဲ့အတွက် အထူးပဲ ဂုဏ်ယူမိတယ်လို့ ဘရာဇီးနိုင်ငံရဲ့ မြို့တော်ကနေ ပြောလိုက်ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဘန်ကီမွန်းနဲ့ ယှဉ်ပြီး အရွေးခံမယ့်သူ ဘယ်သူမှ မရှိခဲ့ဘဲ သူဟာ အမေရိကန် အပါအဝင် လုံခြုံရေးကောင်စီရဲ့ အဓိကကျတဲ့ အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကိုလည်း ရခဲ့တာပါ။ တကယ်လို့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲက တနိုင်ငံက ဗီတိုသုံးပြီး ပယ်ချခဲ့မယ် ဆိုရင်တော့ သူဟာ နောက်တကြိမ် ဆက်လုပ်လို့ရမှာ မဟုတ်ပါဘူး။

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ နိုင်ငံပေါင်း ၁၉၂ နိုင်ငံဟာ လာမယ့် ဇွန်လ ၂၁ ရက်နေ့ကျရင် သူ့ကို ဒုတိယအကြိမ် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်ပြီး ခန့်အပ်ဖို့ရာ အတည်ပြုဖို့အတွက် မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ မစ္စတာ ဘန်ကီမွန်း ဝင်ရောက် အရွေးခံတာကို ကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ပြီးတော့ ကမ္ဘာတဝန်းက စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

XS
SM
MD
LG