သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာစီလိုနာနဲ့ လီဗာပူးလ် အနိုင်ရတဲ့ Champions League ကွာတား ပထမအကျော့


ရိုးမားအသင်းဘက်သို့ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ဘာစီလိုနာ အသင်းသားများ။ ဧပြီ ၄၊ ၂၀၁၈။
ရိုးမားအသင်းဘက်သို့ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ဘာစီလိုနာ အသင်းသားများ။ ဧပြီ ၄၊ ၂၀၁၈။

ဧပြီလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့ကကန်တဲ့ UEFA Champions League ကွာတားဖိုင်နယ် ပထမအကျော့ Barceloa နဲ့ Roma တို့ပွဲမှာ Barcelona အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ Barcelona ရခဲ့တဲ့ဂိုးတွေမှာ ၂ ဂိုးက Roma အသင်းသားတွေ ကိုယ့်ဂိုး ကိုယ်သွင်းတာကနေ ရတာဖြစ်ပြီး နောက် ဂိုးကိုတော့ Pique က ၅၉ မိနစ်မှာ၊ Luis Suarez က ၈၇ မိနစ်မှာ အသီးသီး သွင်းယူခဲ့ တာဖြစ်ပါတယ်။

Premiere League အသင်းနှစ်သင်းဖြစ်တဲ့ Liverpool နဲ့ Manchester City တို့ပွဲမှာတော့ Liverpool အသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။ Liverpool အတွက်ဂိုးတွေကို ပထမပိုင်းမှာချည်းပဲ သွင်းယူခဲ့တာဖြစ်ပြီး ၁၂ မိနစ်မှာ Salah ၊ ၂၁ မိနစ်မှာ Chamberlain နဲ့ ၃၁ မိနစ်မှာ Mane တို့က အသီးသီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၃ ရက်၊ အင်္ဂါနေ့ကကန်တဲ့ ပွဲတွေမှာတော့ Bayern Munich က Sevilla အသင်းကို ၂ ဂိုး ၁ ဂိုး၊ Real Madrid က Juventus ကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရထားပါတယ်။

ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေအဖြစ် ဧပြီလ ၁၀ ရက်နေ့မှာ Manchester City နဲ့ Liverpool ၊ Roma နဲ့ Barcelona တို့ ကန်မှာဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့မှာတော့ Bayern Munich နဲ့ Sevilla ၊ Real Madrid နဲ့ Juventus တို့ ကန်ကြမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG