သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Barcelona အကြမ်းဖက်တိုက်ခိုက်မှု ၁၃ ဦးသေဆုံး


Barcelona အကြမ်းဖက်တိုက်ခိုက်မှု
Barcelona အကြမ်းဖက်တိုက်ခိုက်မှု

စပိန်နိုင်ငံ Barcelona မြို့ထဲက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့နေရာကို ကားတစီးအတင်းမောင်းဝင်တိုက်ခိုက်လို့ ၁၃ ယောက်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။ Las Ramblas အရပ်မှာ ကြာသပတေးနေ့ ညနေပိုင်းလောက်က ဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကို မြင်တေ့ွခဲ့တဲ့ ဒေသခံ မျက်မြင်တယောက်က ခုလိုပြောပြပါတယ်။

"လူတွေအော်ဟစ်နေသံကြားလို့ကြည့်လိုက်တော့ Van ကားတစီးက လမ်းမကြီးဖက်အတင်းမောင်းသွားတာတေ့ွရတယ်။ Las Ramblas လမ်းမကြီးတလျှောက် ကားတိုက်ခံရလို့ လဲနေသူတွေကို မြင်ရတယ်"လို့ ကိုယ်တိုင်မြင်တေ့ွ့ခဲ့သူက ပြောပြခဲ့တာပါ။

လူအများအပြား သေဆုံးစေတဲ့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက်ဝါဒီတို့ရဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ရဲကပြောပါတယ်။ IS စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ဆိုပါတယ်။ လူ ၂ ယောက်ကိုဖမ်းဆီးထားတယ်လို့ Catalonia နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။ ဖမ်းခံထားရသူ ၁ ယောက်က Morocco နိုင်ငံကဖြစ်ပြီး နောက်တယောက်ကတော့ အာဖရိကတိုက်မြောက်ပိုင်း စပိန်အစိုးရအုပ်ချုပ်တဲ့ Melilla ဒေသကဖြစ်ပါတယ်။ ယာဉ်မောင်းသူကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

အဖမ်းခံထားရသူ ၂ ယောက်က ဒီတိုက်ခိုက်မှုနဲ့ ဘယ်လိုပါတ်သက်သလဲဆိုတာ ရှင်းရှင်းမသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့တုန်းက လူတယောက် သေဆုံးခဲ့ရတဲ့ Barcelona မြို့ပြင်က နေအိမ်တခုပေါက်ကွဲမှုနဲ့ ကြာသပတေးနေ့ကားတိုက်မှု ဆက်စပ်နေတယ်လို့ ရဲက ပြောပါတယ်။ ပေါက်ကွဲသွားတဲ့အိမ်ထဲမှာ ဖေါက်ခွဲရေးပစ္စည်းတွေလုပ်နေစဉ်ပေါက်ကွဲခဲ့တာလို့ အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။ ကြာသပတေးနေ့က အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပါတ်သက်လို့ ဗြိတိန်ဝန်ကြီးချုပ်။ ပြင်သစ်သမ္မတတို့အပါအဝင် EU ဥရောပသမဂ္ဂခေါင်းဆောင်တွေ။ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပြစ်တင်ရှုံ့ချပြီး စပိန်နဲ့အတူ အကြမ်ဖက်မှုကို ဆက်လက်တိုက်ဖျက်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။

Barcelona အကြမ်းဖက်တိုက်ခိုက်မှု ၁၃ ဦးသေဆုံး
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG