သုံးရလွယ်ကူစေသည့် Link များ

စပိန်နိုင်ငံမှာ စနေနေ့ညက ကစားခဲ့တဲ့ လာလီဂါဘောလုံးပွဲမှာတော့ Barcelona က Real Madrid ကို ဂိုးပြတ်နဲ့ နိုင်သွားပါတယ်။ မက်ဒရစ်မြို့က Real Madrid ကွင်းမှာ ကစားခဲ့ကြတာမှာ Barcelona က အိမ်ရှင် Real Madrid ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ Barcelona အတွက် ဂိုးတွေကို ဆွာရက်စ်က ၂ ဂိုး၊ နေမား နဲ့ အီနီယက်စ်တာတို့က ၁ ဂိုးစီ သွင်းခဲ့ပါတယ်။ Real Madrid အသင်းက ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် Barcelona ဂိုးမသမား Bravo လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဒဏ်ရာကြောင့် အနားယူနေတဲ့ Barcelona တိုက်စစ်မှူး မက်ဆီလည်း နောက်ပိုင်းမှာ ၀င်ကစား သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ရီးယဲလ်က Isco ကစားတာကြမ်းလို့ အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် ၁၂ ပွဲကစားပြိးချိန်မှာ Barcelona က အမှတ် ၃၀ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး၊ Real Madrid က ၂၄ မှတ်နဲ့ ဒုတိယနေရာကလိုက်နေပါတယ်။

အီတလီ စီးရီအေမှာ Juventus)က AC Milian ကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားသလို၊ အင်္ဂလန်မှာတော့ Liverpool က Manchester City ကို အဝေးကွင်းမှာ ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ တခြားပွဲစဉ်တွေမှာ Manchester United က Watford ကို ၂ ဂိုး ၁ ဂိုး၊ Chelsea က Norwich City ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ၊ WestBrom Albion က Arsenal ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

Everton က Aston Villa ကို ၄ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားသလို၊ Leicester City ကလည်း Newcastle United ကို ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်တဲ့အတွက် ၁၃ ပွဲပြီးတဲ့အချိန်မှာ လက်စတာ က ၂၈ မှတ်၊ မန်ယူက ၂၇ မှတ်၊ မန်စီးတီး နဲ့ အာဆင်နယ်တို့က ၂၆ မှတ်စီ နဲ့ ဇယားထိပ်မှာ ရောက်နေပါတယ်။

XS
SM
MD
LG