သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာစီလိုနာတိုက်ခိုက်သူတွေ ဖောက်ခွဲမှုကြီးလုပ်ဖို့ ကြိုးစားခဲ့


စပိန်နိုင်ငံ Barcelona မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လူတွေကိုကားနဲ့ အတင်းဝင်တိုက်ခဲ့တဲ့ Van ကားမောင်းသူကို နိုင်ငံအရှေ့မြောက်ပိုင်းက Ripoll နဲ့ Manlleu မြို့တွေမှာ တနင်္ဂနွေနေ့က စပိန်အာဏာပိုင်တွေ အာရုံစိုက်ပြီးရှာဖွေနေကြပါတယ်။

Barcelona မြို့ထဲက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်းကားနေတဲ့ Las Ramblas လမ်းမကြီးမှာ လူပေါင်း ၁၃ ယောက်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအတွက် အသက် ၂၂ နှစ်အရွယ် Moroccan လူမျိုး Younes Abouyaaquoub ကို ရဲတွေရှာဖွေနေကြတာပါ။

အဲဒီနေ့က တိုက်ခိုက်သူလို့ မသင်္ကာသူတွေ ဖေါက်ခွဲရေးပစ္စည်းတွေ လုပ်ခဲ့ကြပုံရတဲ့ နေအိမ်တခုမှာ Gas ဗူးပေါင်း ၁၂၀ ကိုတေ့ွရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ စပိန်ရဲက ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ည ပေါက်ကွဲခဲ့တဲ့ အဲဒီအိမ်ကတော့ Alcanar မြို့မှာတည်ရှိပါတယ်။ Barcelona မြို့မှာ တိုက်ခိုက်မှု ၁ ခုထက်မနည်းလုပ်နိုင်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေတေ့ွရှိခဲ့တယ်လို့ Catalonia နယ်ရဲချုပ်က ပြောပါတယ်။ ကြာသပတေးနေ့တုန်းက Barcelona မြို့တိုက်ခိုက်မှုနဲ့ နောက်ထပ် ၁ ယောက် သေဆုံးခဲ့တဲ့ Cambrils မြို့ကတိုက်ခိုက်မှုတွေကို လုပ်ခဲ့ကြသူတွေကို Abdelbaki Es Satty ဆိုတဲ့ အစ္စလာမ် တရားဟောဆရာက အစွန်းရောက်အမြင်တွေ ဝင်အောင် သိမ်းသွင်းခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ သူ့ကိုလည်း ရဲကလိုက်လံ ရှာဖွေနေပါတယ်။တိုက်ခိုက်မှု ၂ ခုနဲ့ဆက်စပ်ပြီး ၄ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

ဗုဒ္ဓဟူးနေ့က ပေါက်ကွဲခဲ့တဲ့ နေအိမ်အပျက်အစီးတွေကြားမှာ လူခန္ဓာကိုယ်အစအနတွေ တွေ့ရတဲ့အတွက် ဖောက်ခွဲရေးပစ္စည်းတွေလုပ်နေစဉ် ပေါက်ကွဲခဲ့တာလို့ ရဲက ယုံကြည်နေပါတယ်။ အဲဒီသူ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ DNA စစ်ဆေးမှုတွေလုပ်နေပါတယ်။ သေဆုံးခဲ့သူတွေအတွက်ဆုတောင်းပွဲကို တနင်္ဂနွေနေ့အစောပိုင်းက Barcelona မြို့ရဲ့ အထင်ကရ Sagrada Familia Basilica ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်ခဲ့တာမှာ စပိန်ဘုရင်။ ဘုရင်မနဲ့ ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ Australia နဲ့ ဗြိတိန်နိုင်ငံသားခံယူထားတဲ့ ၇ နှစ်အရွယ် ယောင်္ကျားလေးတယောက်အပြင် အီတလီလူမျိုးတယောက်။ Belgium လူမျိုးတယောက်တို့ကို ရဲကထပ်ပြီးထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာတိုက်ခိုက်သူတွေ ဖောက်ခွဲမှုကြီးလုပ်ဖို့ ကြိုးစားခဲ့
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG