သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွာရက်စ် ဘာစီလိုနား ပြောင်းပြီ


 လူးဝစ္စ်ဆွာရက်စ်
လူးဝစ္စ်ဆွာရက်စ်

စပိန်နိုင်ငံက ဘာစီလိုနာ အသင်းက လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး လူးဝစ္စ်ဆွာရက်စ်ကို ခေါ်ယူလိုက်ပါပြီ။ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်္စ ဆွာရက်စ်ကို ဘာစီလိုနာအသင်းကို ဗြိတိန်စတာလင်ပေါင်း ၇၅ သန်းရောင်းချဖို့ သဘောတူလိုက်ပြီလို့ လီဗာပူးလ်အသင်းကကြေညာချက်ထုတ်ပြီး အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲအုပ်စုပွဲတုန်းက အီတလီနောက်ခံလူ ခီယယ်လီနီရဲ့ ပုခုံးကို ကိုက်ခဲ့တဲ့အတွက် ဆွာရက်စ်ဟာ ဘောလုံးပွဲတွေကနေ ၄ လ ပိတ်ခံထားရတာဖြစ်ပါတယ်။

အဲဒီအမှုအတွက် သူ့အနေနဲ့ အယူခံဝင်ခဲ့တာကိုတော့ ဖီဖာ ကမ္ဘာ့ဖလားဘောလုံး အဖွဲ့ချုပ်က ပယ်ချခဲ့ပါတယ်။ လာမယ့် သီတင်းပတ်အတွင်းမှာတော့ ဆွာရက်စ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကိုသွားရောက်ပြီးတော့ ဆေးစစ်မှုတွေခံယူသွားဖို့ရှိတယ်လို့ သိရပါတယ်

XS
SM
MD
LG