(Zawgyi / Unicode)
အေမရိကန္ ဘတ္စ္ကက္ေဘာ အေက်ာ္အေမာ္ Kobe Bryant တေယာက္ တနဂၤေႏြေန႔က ရဟတ္ယာဥ္ပ်က္က်ၿပီး ကြယ္လြန္သြားတဲ့အတြက္ ကမၻာ့အားကစားေလာကက ဝမ္းနည္းေၾကကြဲေနၾကပါတယ္။
Kobe Bryant ဟာ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕ အေနာက္ေျမာက္ဘက္ မုိင္ ၅၀ ခန္႔အကြာ Calabasas ေတာင္ကုန္းေဒသမွာ ရဟတ္ယာဥ္ပ်က္က်လို႔ ေသဆုံးသြားတဲ့ ၉ ဦးအနက္ ၁ ဦးအပါအဝင္ ျဖစ္တယ္လို႔ ေလာ့စ္အိန္ဂ်လိစ္ Couty ရဲတပ္ဖြဲ႔က ေျပာပါတယ္။
ရဟတ္ယာဥ္ပ်က္က်လို႔ ကြယ္လြန္တဲ့အထဲမွာ အသက္ ၁၃ ႏွစ္အရြယ္ သူ႔သမီးငယ္ Gianna လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။
တနဂၤေႏြေန႔ မနက္ပိုင္းက ျမဴေတြထူထပ္ေနတဲ့ အတြက္ေၾကာင့္လား ဘာအေၾကာင္းေၾကာင့္ ရဟတ္ယာဥ္ပ်က္က်ရသလဲ ဆိုတာကုိ အာဏာပုိင္ေတြက တစုံတရာ ေျပာၾကားျခင္း မရွိေသးပါဘူး။
Bryant ဟာ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕မွာ ကစားပြဲေတြရွိတိုင္း ေမာ္ေတာ္ယာဥ္ ပိတ္ဆို႔မႈကို ေရွာင္လႊဲလိုတဲ့အတြက္ ကိုယ္ပိုင္ရဟတ္ယာဥ္နဲ႔ သြားေလ့ရွိတယ္လို႔ သိရပါတယ္။
Bryant ဟာ အႀကီးက်ယ္ဆုံး ေၾကးစား ဘတ္စ္ကက္ေဘာသမားတဦးအျဖစ္ သမိုင္းမွာ မွတ္တမ္းတင္ျခင္း ခံထားရသူျဖစ္ပါတယ္။ သူဟာ ဘတ္စ္ကက္ေဘာ ေလာကကေန ၂၀၁၆ မွာ အနားယူခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း သူေရးသားခဲ့တဲ့ “Dear Basketball” ဆိုတဲ့ ကဗ်ာကို သ႐ုပ္ေဖာ္ကာတြန္း ႐ုပ္ရွင္ကားအျဖစ္ ႐ုိက္ကူးခဲ့ၿပီး ၂၀၁၈ ကာတြန္းကားဇာတ္လမ္းတို ေအာ္စကာဆု ရရွိခဲ့ပါတယ္။
----------------------------
(Unicode)
ဘတ်စ်ကက်ဘော အကျော်အမော် Kobe Bryant ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်
အမေရိကန် ဘတ်စ်ကက်ဘော အကျော်အမော် Kobe Bryant တယောက် တနင်္ဂနွေနေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့အတွက် ကမ္ဘာ့အားကစားလောကက ဝမ်းနည်းကြေကွဲနေကြပါတယ်။
Kobe Bryant ဟာ လော့စ်အိန်ဂျလိစ်မြို့ အနောက်မြောက်ဘက် မိုင် ၅၀ ခန့်အကွာ Calabasas တောင်ကုန်းဒေသမှာ ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့ ၉ ဦးအနက် ၁ ဦးအပါအဝင် ဖြစ်တယ်လို့ လော့စ်အိန်ဂျလိစ် Couty ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်တဲ့အထဲမှာ အသက် ၁၃ နှစ်အရွယ် သူ့သမီးငယ် Gianna လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ မနက်ပိုင်းက မြူတွေထူထပ်နေတဲ့ အတွက်ကြောင့်လား ဘာအကြောင်းကြောင့် ရဟတ်ယာဉ်ပျက်ကျရသလဲ ဆိုတာကို အာဏာပိုင်တွေက တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။
Bryant ဟာ လော့စ်အိန်ဂျလိစ်မြို့မှာ ကစားပွဲတွေရှိတိုင်း မော်တော်ယာဉ် ပိတ်ဆို့မှုကို ရှောင်လွှဲလိုတဲ့အတွက် ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ သွားလေ့ရှိတယ်လို့ သိရပါတယ်။
Bryant ဟာ အကြီးကျယ်ဆုံး ကြေးစား ဘတ်စ်ကက်ဘောသမားတဦးအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခြင်း ခံထားရသူဖြစ်ပါတယ်။ သူဟာ ဘတ်စ်ကက်ဘော လောကကနေ ၂၀၁၆ မှာ အနားယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း သူရေးသားခဲ့တဲ့ “Dear Basketball” ဆိုတဲ့ ကဗျာကို သရုပ်ဖော်ကာတွန်း ရုပ်ရှင်ကားအဖြစ် ရိုက်ကူးခဲ့ပြီး ၂၀၁၈ ကာတွန်းကားဇာတ်လမ်းတို အော်စကာဆု ရရှိခဲ့ပါတယ်။