သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဘီစီ သတင်းထောက်တွေ ဒုတိယအကြိမ် ၂၄ နာရီ သပိတ်မှောက်

ဘီဘီစီ သတင်းထောက်တွေ ဒုတိယအကြိမ် ၂၄ နာရီ သပိတ်မှောက်
ဘီဘီစီ သတင်းထောက်တွေ ဒုတိယအကြိမ် ၂၄ နာရီ သပိတ်မှောက်

ဗြိတိန်နိုင်ငံမှာ အခုသီတင်းပတ်တွေအတွင်း ဒုတိယအကြိမ် ပြုလုပ်တဲ့ ၂၄ နာရီကြာ သပိတ်မှောက်မှုမှာ ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်း (BBC) က သတင်းထောက် အတော်များများ ပါဝင်ခဲ့ကြပါတယ်။

ဗြိတိန် အမျိုးသားသတင်းထောက် သမဂ္ဂ အဖွဲ့ဝင်တွေဟာ မဖြစ်မနေ အလုပ်ထုတ်ပစ်တာကို ကန့်ကွက်တဲ့ အနေနဲ့ တနင်္ဂနွေနေ့ည သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ သပိတ်မှောက်ခဲ့ကြပါတယ်။

ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်းဟာ အလုပ်ကနေ အတင်းအကျပ် ဖြုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေအတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေ ရှာဖွေဖို့ ကိစ္စမှာ စေ့စပ်ညှိနှိုင်းဖု့ိ ဆန္ဒမရှိဘူးလို့ သတင်းသမားသမဂ္ဂက ပြောပါတယ်။

ဗြိတိန်အသံလွှင့်ဌာနဟာ BBC World Service နဲ့ BBC Monitoring ဌာနမှာရှိတဲ့ အလုပ်နေရာ ၃၈၇ နေရာကို လျှော့ချဖို့အတွက် စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီနေရာ ၃၈၇ နေရာထဲက ၁၀၀ ဟာ မဖြစ်မနေ လျှော့ချပစ်ရမှာ ဖြစ်ပါတယ်။

တနင်္လာနေ့က အခုလို သပိတ်မှောက်မှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ၂၄ နာရီကြာ သပိတ်မှောက်ခဲ့တာနဲ့ အလားသဏ္ဌာန် တူနေပြီး အဲဒီ သပိတ်မှောက်မှုကြောင့် အသံလွှင့် အစီအစဉ်တချို့ ရပ်ဆိုင်းခဲ့ပါတယ်။ အခုလက်ရှိ အလုပ်ရပ်ဆိုင်းတာတွေက အသံလွှင့် အစီအစဉ်တချို့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

This item is part of
XS
SM
MD
LG