ဘီယာကုန်ကား မှောက်သောအခါ
ချီလီနိုင်ငံမှာ ဘီယာကုန်ကားမှောက်တော့ ဖြတ်သွားဖြတ်လာ ကားတွေအကုန် ရပ်ပြီး အကောင်းကျန်သေးတဲ့ ဘီယာကတ်တွေ အပြေးယူကြတာပါ။ ကားပေါ်ပါလာသမျှ ဘီယာ ၁၈ တန်ထဲက တော်တော်များများ ပေါက်ထွက်ကုန်ပါတယ်။ ကျန်တဲ့ ဘီယာတွေကတော့ အလှူလုပ်သလို ဖြစ်သွားပြီး ကားပေါ်က အကောင်းကျန်တဲ့ ဘီယာတွေရော၊ အောက်မှာ ပြန့်ကျဲနေတဲ့ထဲကရော အကောင်းကျန်တာတွေ အကုန် ယူသွားကြပါတယ်။