သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ဓားစာခံကို ဖိလစ်ပိုင်သူပုန်တွေ အဆုံးစီရင်


ဂျာမန်ဓားစာခံ Jurgen Kantner
ဂျာမန်ဓားစာခံ Jurgen Kantner

ဖိလစ်ပိုင်နိုင်ငံမှာ ပြန်ပေးဆွဲခံထားရတဲ့ ဂျာမန် ဓါးစာခံအတွက် ပြန်ပေးငွေ ပေးဖို့တောင်းထားတဲ့ သတ်မှတ်ချိန် ကျော်လွန်သွားတာကြောင့် အဲဒီ ဓါးစာခံကို အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Abu Sayyaf က ကွပ်မျက်လိုက်ပါတယ်။

Jihad အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေတဲ့ SITE ဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အဲဒီ ဂျာမနီလူမျိုး Jurgen Kantner ကို ကွပ်မျက်နေတဲ့ ဗွီဒီယို မှတ်တမ်းကို တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ သူ့ရဲ့ ရွက်လှေနဲ့ ရွက်လွင့်နေတဲ့အချိန် အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အဲဒီ ဂျာမန်အမျိုးသားဟာ ပြန်ပေးဆွဲခံလိုက်ရတာ ဖြစ်ပါတယ်။ ဒေါ်လာ ၆၀၀,၀၀၀ ပေးရင် သူ့ကို ပြန်လွတ်ပေးမယ်လို့ Abu Sayyaf အဖွဲ့က ပြောထားတာပါ။ ဒါပေမယ့် ပြန်ပေးငွေ ပေးဆောင်ရမယ့် နောက်ဆုံးအချိန် တနင်္ဂနွေနေ့က ကုန်သွားပြီဖြစ်ပါတယ်။

Kantner ကို ကယ်တင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

အခု ထွက်ပေါ်လာတဲ့ ဗွီဒီယို စစ်မှန်ခြင်း ရှိမရှိဆိုတာကို အတည်ပြုနိုင်ရေးအတွက် တာဝန်ရှိသူတွေက ကြိုးစား ဆောင်ရွက်နေကြောင်း ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Martin Schaefer က ပြောပါတယ်။

ဂျာမန်ဓားစာခံကို ဖိလစ်ပိုင်သူပုန်တွေ အဆုံးစီရင်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG