ကိုဗစ္အတည္ျပဳလူနာ ျပန္လည္ျမင့္တက္ေနတဲ့ တ႐ုတ္ႏိုင္ငံက စီးပြားေရးအခ်က္အခ်ာက်တဲ့ ႐ွန္ဟိုင္းၿမိဳ႕ႀကီးမွာ မူႀကိဳေက်ာင္းနဲ႔ သူငယ္တန္းအားလုံးကို ဒီဇင္ဘာ ၁၉ တနလၤာေန႔ကစၿပီး ပိတ္ထားဖို႔ ႐ွန္ဟိုင္းပညာေရးဗ်ဴ႐ိုက ဒီေန႔ စေနေန႔မွာ ၫႊန္ၾကားခ်က္ ထုတ္လိုက္ပါတယ္။ မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းေတြက အတန္းအမ်ားစုကိုလည္း Online ကေန သင္ၾကားဖို႔ ေျပာထားပါတယ္။
တ႐ုတ္အစိုးရက တင္းၾကပ္တဲ့ ကိုဗစ္စည္းကမ္းသတ္မွတ္ခ်က္ေတြကို ပယ္ဖ်က္ေပးခဲ့ၿပီးေနာက္ ကိုဗစ္အတည္ျပဳလူနာေတြ ျပန္လည္ျမင့္တက္ေနပါတယ္။ ေရာဂါလကၡဏာ မျပင္းထန္သူေတြအေနနဲ႔ ေရာဂါေပ်ာက္တဲ့အထိ အိမ္မွာပဲေနၾကဖို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။ တ႐ုတ္ႏိုင္ငံတဝန္းၿမိဳ႕ေတြမွာ ကိုဗစ္လိႈင္း ျပန္လည္ျဖစ္ေနပုံရတာေၾကာင့္ ေရာဂါလကၡဏာျပင္းထန္မွာ ေဆး႐ုံေတြလာၾကဖို႔ တိုက္တြန္းေနပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္မွာေတာ့ ႏွာေခါင္းထဲထည့္ရတဲ့ ကိုဗစ္႐ူေဆးေတြကို က်န္းမာေရးတာဝန္႐ွိသူေတြက ကိုဗစ္အားျဖည့္ကာကြယ္ေဆးအေနနဲ႔ ဒီေန႔ စေနေန႔မွာ ထည့္ေပးေနပါတယ္။
ဆႏၵျပမႈေတြေၾကာင့္ အစိုးရရဲ႕ Lockdown သတ္မွတ္ခ်က္ေတြအပါအဝင္ တင္းၾကပ္တဲ့ ကိုဗစ္စည္းကမ္းေတြကို ၿပီးခဲ့တဲ့ သီတင္းပါတ္ထဲမွာ ေျဖေလ်ာ့ေပးခဲ့ၿပီးေနာက္ ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္ေတြကို တြန္းအားေပးလုပ္ေနပါတယ္။ အထူးသျဖင့္ သက္ႀကီး႐ြယ္အိုေတြ၊ ေရာဂါအခံ႐ွိသူေတြကို ကာကြယ္ေဆးထိုးၾကဖို႔ တိုက္တြန္းေနပါတယ္။
=== Unicode ====
ကိုဗစ်အတည်ပြုလူနာ ပြန်လည်မြင့်တက်နေတဲ့ တရုတ်နိုင်ငံက စီးပွားရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမြို့ကြီးမှာ မူကြိုကျောင်းနဲ့ သူငယ်တန်းအားလုံးကို ဒီဇင်ဘာ ၁၉ တနင်္လာနေ့ကစပြီး ပိတ်ထားဖို့ ရှန်ဟိုင်းပညာရေးဗျူရိုက ဒီနေ့ စနေနေ့မှာ ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေက အတန်းအများစုကိုလည်း Online ကနေ သင်ကြားဖို့ ပြောထားပါတယ်။
တရုတ်အစိုးရက တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးခဲ့ပြီးနောက် ကိုဗစ်အတည်ပြုလူနာတွေ ပြန်လည်မြင့်တက်နေပါတယ်။ ရောဂါလက္ခဏာ မပြင်းထန်သူတွေအနေနဲ့ ရောဂါပျောက်တဲ့အထိ အိမ်မှာပဲနေကြဖို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ တရုတ်နိုင်ငံတဝန်းမြို့တွေမှာ ကိုဗစ်လှိုင်း ပြန်လည်ဖြစ်နေပုံရတာကြောင့် ရောဂါလက္ခဏာပြင်းထန်မှာ ဆေးရုံတွေလာကြဖို့ တိုက်တွန်းနေပါတယ်။ ဘေဂျင်းမြို့တော်မှာတော့ နှာခေါင်းထဲထည့်ရတဲ့ ကိုဗစ်ရူဆေးတွေကို ကျန်းမာရေးတာဝန်ရှိသူတွေက ကိုဗစ်အားဖြည့်ကာကွယ်ဆေးအနေနဲ့ ဒီနေ့ စနေနေ့မှာ ထည့်ပေးနေပါတယ်။
ဆန္ဒပြမှုတွေကြောင့် အစိုးရရဲ့ Lockdown သတ်မှတ်ချက်တွေအပါအဝင် တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းတွေကို ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ ဖြေလျော့ပေးခဲ့ပြီးနောက် ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွေကို တွန်းအားပေးလုပ်နေပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေကို ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းနေပါတယ်။