သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဲလားရုရှ် ဆန္ဒပြပွဲ အစိုးရ အင်အားသုံး နှိမ်နင်း


ဘဲလားရုရှ် ဆန္ဒပြပွဲ အစိုးရ အင်အားသုံး နှိမ်နင်း
ဘဲလားရုရှ် ဆန္ဒပြပွဲ အစိုးရ အင်အားသုံး နှိမ်နင်း

အကြံအဖန်တွေ များလှတယ်လို့ အတိုက်အခံက စွပ်စွဲထားပြီး ဘယ်လာရုရှ် သမ္မတ ရွေးကောက်ပွဲကို ကန့်ကွက် ဆန္ဒပြကြတဲ့ ထောင်ချီတဲ့ လူအုပ်ကြီးဟာ မင့်စ် (Minsk) မြို့မှာရှိတဲ့ အစိုးရ ဌာနချုပ်တွေရဲ့ တံခါးတွေနဲ့ ပြတင်းတွေကို တနင်္ဂနွေနေ့ညက ရိုက်ခွဲ ချိုးဖျက်ပစ်လိုက်ကြပါတယ်။

ဆန္ဒပြသူတွေက ပါလီမန်ရှိတဲ့ အဆောက်အဦးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ လုံထိန်းတပ်ဖွဲ့တွေက အဆင်သင့် ဖြစ်နေခဲ့ကြပါတယ်။

ဆန္ဒပြသူ ၃၀,၀၀၀ လောက်ဟာ သမ္မတ အလက်ဇန္ဒား လူရှယ်န်ကို (Alexander Lukashenko) ကို ဆန့်ကျင်ပြီး မင့်စ်မြို့လယ်မှာ တနင်္ဂနွေနေ့က ချီတက်ခဲ့ကြတာပါ။

ဆန္ဒပြသူတွေရဲ့ တပ်ဦးကို အသံဆူညံတဲ့ ဗုံးတွေကို အသုံးပြုပြီး ရဲက လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် အတိုက်အခံ သမ္မတလောင်း ဗလာဒီမာ နက်ခ်ယာယက်ဗ် (Vladimir Neklyayev) သတိမေ့လျက်နဲ့ ဆေးရုံကို ခေါ်သွားခဲ့ရပါတယ်။

မင့်စ်မြို့ အလယ်ပိုင်းက လွတ်လပ်ရေး ရင်ပြင်ကိုလည်း ဆန္ဒပြသူတွေလာရင် သွားလာရေး ခက်အောင် ရေခဲပြင်ဖြစ်အောင် လုပ်ပစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေက နောက်ဆုတ်မသွားခဲ့ဘဲ ဒီမိုကရေစီ ကြွေးကြော်သံတွေကို ကြွေးကြော်၊ ဥရောပသမဂ္ဂ အလံတွေ ဝှေ့ယမ်းပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါ။ တနင်္ဂနွေနေ့ အစောပိုင်းက သူကိုယ်တိုင် မဲပေးရာမှာ အတိုက်အခံတွေကို မစ္စတာ လူရှယ်န်ကိုက ရှုတ်ချလိုက်ပြီး ရင်ပြင်မှာ အဲဒီနေ့ည တယောက်မှ မရှိစေရလို့ ပြောခဲ့ပါတယ်။

မဲပေးထွက်လာခဲ့တဲ့ မဲဆန္ဒရှင်တွေကို ကောက်ယူတဲ့ သဘောထား စစ်တမ်းအရဆိုရင် ပြိုင်ဘက် ၉ ယောက်အပေါ် သူက အနည်းဆုံး မဲ ၇၂% နဲ့ အနိုင်ရနေပါတယ်။ ဒီတခါနိုင်ရင် ၅ နှစ် သမ္မတသက်တမ်း စတုတ္ထ သက်တမ်းအဖြစ် သူ တာဝန်ယူရမှာပါ။

ရွေကောက်ပွဲ မတိုင်မီကတည်းက အာဏာပိုင်တွေက မဲဆန္ဒရှင်တွေကို ကြိုတင်မဲ ပေးခိုင်းခဲ့တယ်လို့ အတိုက်အခံက ပြောပါတယ်။ အကြီးအကျယ် လိမ်ညာနိုင်အောင် ဖွင့်ထားလိုက်တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

XS
SM
MD
LG