သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgium မှာ အကြမ်းဖက်သမား ၂ ဦး ဖမ်းမိ


Belgiumရဲတွေ လုံခြုံရေးတင်းကျပ်နေပုံ။ (နိုဝင်ဘာ ၂၀၁၅)
Belgiumရဲတွေ လုံခြုံရေးတင်းကျပ်နေပုံ။ (နိုဝင်ဘာ ၂၀၁၅)

ဘယ်လ်ဂျီယံနိုင်ငံမှာ လူနှစ်ဦးကို လွန်ခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ဖမ်းဆီးခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံရဲ့အထင်ကရနေရာတွေကို နှစ်သစ်ကူး အကြိုနေ့မှာ တိုက်ခိုက်ဖို့စီစဉ်တယ်ဆိုတဲ့ သံသယနဲ့ အဲဒီလူနှစ်ဦးကို ဖမ်းဆီးတာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

နေအိမ်တွေကို ရှာဖွေမှုပြုလုပ်ရာမှာလည်း စစ်ဖက်သုံးဝတ်စုံနဲ့ IS အကြမ်းဖက်စစ်သွေးကြွတွေရဲ့ ဝါဒဖြန့်ချီရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေကို တွေ့ရပေမယ့် လက်နက်တွေ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတော့ မတွေ့ရဘူးလို့ ဒီကနေ့မှာ အဲဒီရှေ့နေတွေကပြောပါတယ်။

ဘရပ်ဆဲလ်က နေအိမ်တွေကို ရှာဖွေမှုပြုပြီးနောက် လူ ၆ ဦးကို ခေါ်ယူစစ်ဆေး မေးမြန်းပြီး လေးဦးကို စစ်ဆေးမေးမြန်း ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့လည်းအစိုးရအမှုလိုက် ရှေ့နေတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့က လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က အကြမ်းဖက် တိုက်ခိုက်မှုမှာပါဝင်သူ အသေခံဗုံးခွဲသမား Brahim Abdeslam နဲ့ Bilal Hadfi တို့ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ နေထိုင်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ဘယ်လ်ဂျီယံမှာ အဓိကထားလုပ်ဆောင်နေတာပါ။

ပါရီမြို့တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး လူ ကိုးဦးကို ဘယ်လ်ဂျီယံရဲတွေက ဖမ်းဆီးထားပေမယ့်လည်း ဒီကနေ့ ဖမ်းဆီးမှုနဲ့တော့ ဆက်စပ်မှု မရှိဘူးလို့ အစိုးရရှေ့နေတွေကပြောပါတယ်။

XS
SM
MD
LG