သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်လ်ဂျီယံ အကြမ်းဖက်မှု ရဲ ကြိုတင် ဟန့်တား


ဘယ်လ်ဂျီယံ အကြမ်းဖက်မှု ရဲ ကြိုတင် ဟန့်တား။ (ဇန်နဝါရီ ၁၅၊ ၂၀၁၅)
ဘယ်လ်ဂျီယံ အကြမ်းဖက်မှု ရဲ ကြိုတင် ဟန့်တား။ (ဇန်နဝါရီ ၁၅၊ ၂၀၁၅)

ဘယ်လ်ဂျီယံနိုင်ငံအရှေ့ပိုင်းက Verviers မြို့ကလေးမှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ အကြမ်းဖက်ဆန့်ကျင်တဲ့ စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားလို့ သံသယရှိသူ ၂ ဦးကို အသေ ရမိခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ အခုထိ မဖြစ်ပွါးသေးတဲ့ကြီးမားတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ဌာနကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့တာလို့ အစိုးရရှေ့နေကပြောပါတယ်။ တချို့ အကြမ်းဖက် အဖွဲ့ဝင်တွေဟာ ဆီးရီးယား နိုင်ငံကနေ ဘယ်လ် ဂျီယံကို ပြန် လာသူတွေဖြစ်ကြောင်းလည်း ပြောပါတယ်။

အဲဒီထဲက တဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ ဝင်ရောက်စီးနင်းတဲ့ ရဲအရာရှိတွေထဲကတော့ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပြောပါတယ်။ဒါပေမယ့် ဒီအကြမ်းဘက်သမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပါတ်တုန်းက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၁၇ ဦးကို သေစေခဲ့တဲ့ အကြမ်းဘက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်မှု ရှိမရှိတော့ ထုတ်ဖေါ် မပြောပါဘူး။

RT BF ဘယ်လ်ဂျီယံ ရုပ်သံ ကတော့ ရဲတွေဟာ ဘူတာရုံတခုနားက အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေကို တိုက်ဖျက်တဲ့ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဝင်ရောက်စီးနင်းချိန်မှာ လူတယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

အပျော်တမ်း ရိုက်ကူးတဲ့ ဗီဒီယို ခွေ တခုမှာတော့ စစ်ဆင်ရေး လုပ်ဆောင်တဲ့ နေရာက အဆောက်အဦးတွေမှာ မီးခိုးတွေနဲ့ မီးညွှန်တွေတွေ့ နေရသလို သေနတ်သံတို့ ပေါက်ကွဲသံတို့ကိုလည်း ကြားနေရပါတယ်။ဘယ်လ်ဂျီယံ အာဏာပိုင်တွေဟာ အကြမ်းဘက်ခြိမ်းခြောက်မှု အန္တရာယ် သတိပေးမှု အဆင့် ၄ ဆင့်မှာ အခု အဆင့် ၃ အထိ မြှင့်ပြီး ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG