သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးခွဲခြားမှုအဓိကရုဏ်း ဘယ်လ်ဂျီယံရဲဖြိုခွဲ


ဆန္ဒပြသူများကို ဘယ်လ်ဂျီယံရဲက နှိမ်နင်းစဉ်
ဆန္ဒပြသူများကို ဘယ်လ်ဂျီယံရဲက နှိမ်နင်းစဉ်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူလူငယ်တွေနဲ့ လက်ျာစွန်း ဆန္ဒပြသူတွေ အကြား ပြင်းထန်တဲ့ အဓိကရုဏ်း ဖြစ်ပွါးခဲ့ပြီးတဲ့နောက် ဘယ်ဂျီယံရဲတွေက လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပြင်သစ်နိုင်ငံ ပါရီမြို့ တိုက်ခိုက်မှုမှာ ပါဝင်သူ အများအပြား အခြေချရာမူစလင်အများစုနေထိုင်တဲ့ Molenbeek အရပ်မှာ ဆန္ဒပြဖို့ လက်ယာ စွန်းရောက် အဖွဲ့က စီစဉ်ခဲ့သလို လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများ အဖွဲ့ကလည်း တန်ပြန် ဆန္ဒပြဖို့ လုပ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလို အဖြစ်မျိုး ထပ်မံ ဖြစ်ပွါးမှာကို စိုးရိမ်တဲ့အတွက် ဒေသ အာဏာပိုင်တွေက အဖွဲ့ ၂ ဖွဲ့ စလုံးကို တားမြစ်ခဲ့ပြီး ဆန္ဒပြသူ ၄၅၀ လောက်ကို ရဲတွေက မီးသတ်ပိုက်တွေနဲ့ ရေထိုးပက်ပြီး လူစုခွဲခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ရုပ်သံမှာတော့ - ဒါဟာ ငါတို့ နိုင်ငံ- လို့ ရေးသားထားတဲ့ စာတန်းတွေ ကိုင်ဆောင်ထားတဲ့ လက်ယာစွန်းရောက် ချီတက် ဆန္ဒပြသူ ၃၀ လောက်ကို တွေ့ရ ပါတယ်။

တချိန်ထဲမှာပဲ အသေခံဗုံးခွဲမှုဖြစ်ပွါးခဲ့ပြီးတဲ့နောက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ဘရပ်ဆဲလ်က ပင်မ လေဆိပ်ကြီးမှာ တနင်္ဂနွေနေ့ လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါမယ့် သူတွေတွေ အတွက် တချို့နေရာတွေကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG