သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgium အကြမ်းဖက်တိုက်ခိုက်ရန်မသင်္ကာမှုနဲ့ ၂ ဦးဖမ်းဆီး


EU ကော်မရှင်အဆောက်အဦးနားမှာ လုံခြုံရေးကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး။ မတ်လ ၂၂၊ ၂၀၁၆။
EU ကော်မရှင်အဆောက်အဦးနားမှာ လုံခြုံရေးကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး။ မတ်လ ၂၂၊ ၂၀၁၆။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုပြီး မသင်္ကာသူနှစ်ဦးကိုဖမ်းဆီးလိုက်တယ်လို့ ပြည်ထောင်စု အစိုးရ ရှေ့နေက ပြောပါတယ်။ Noureddine H. နဲ့ ညီဖြစ်သူ Hamza H.တို့ကို Mons မြို့နဲ့ Liège မြို့က အိမ်တချို့ကို ဝင်ရောက် ရှာဖွေပြီးတဲ့နောက် သောကြာနေ့နှောင်းပိုင်းမှာ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဘယ်လ်ဂျီယမ်ထဲက တနေရာရာမှာ ညီအကို နှစ်ယောက်စလုံး အကြမ်းဖက်မှုခု လုပ်ဖို့ ကြံစည်နေတာကို သံသယရှိနေခဲ့ကြောင်း အစိုးရရှေ့နေကပြောပါတယ်။ လက်နက်တွေ ပေါက်ကွဲပစ္စည်းတွေကိုတော့ တခုမှာ ရှာမတွေ့ပါဘူး။

ညီအကိုနှစ်ယောက်စလုံးကို ဆက်ပြီး ချုပ်ထားမလားဆိုတာကို ဆုံးဖြတ်ချက်ချဖို့ သူတို့ကို စနေနေ့မှာ ရုံးထုတ်မှာပါ။ ဘယ်လဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မှာ မတ်လတုန်းက IS အကြမ်းဖက်သမားတို့ရဲ့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး ပြင်သစ်နဲ့ ဂျာမနီနိုင်ငံမှာ လူသေစေလောက်တဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားပြီးတဲ့နောက် ဘယ်လဂျီယမ်နိုင်ငံမှာလည်းပဲ လုံခြုံရေးဆိုင်ရာအထူးသတိထားနေကြတာပါ။

ဘရပ်ဆဲလ်မြို့ဟာ ဥရောပသမဂ္ဂနဲ့မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုးတပ်ဌာနချုပ်တွေရှိရာနေရာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG