သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict နာမက်န္းျဖစ္ေန


Vatican Pope Benedict

[[Zawgyi/Unicode]]

အသက္ ၉၅ ႏွစ္ ရွိၿပီျဖစ္တဲ့ ယခင္ ပုပ္ရဟန္းမင္းႀကီး Benedict ဟာ အေတာ္ႀကီး မက်န္းမမာ ျဖစ္ေနၿပီး သူ႔အတြက္ ဆုေတာင္းေပးေနပါတယ္လို႔ Catholic ဘာသာဝင္ေတြရဲ႕ လက္ရွိ ပုပ္ရဟန္းမင္းႀကီး Francis ကဗုဒၶဟူးေန႔က ေျပာလိုက္ပါတယ္။

“အၿငိမ္းစား ပုပ္ရဟန္းမင္းႀကီး Benedict အတြက္ ဆုမြန္ေတာင္းေပးၾကဖို႔ ခင္ဗ်ားတို႔အားလုံးကို က်ေနာ္ ေျပာခ်င္ပါတယ္။ သူ အလြန္မက်န္းမမာျဖစ္ေနတာ ကို သတိရၾကေစလိုပါတယ္။” လို႔ ပုပ္ရဟန္းမင္းႀကီး Francis က ေျပာသြားခဲ့တာပါ။

ပုပ္ရဟန္းမင္းႀကီး Benedict ဟာ ရာစုေပါင္း ၆ ရာစုအတြင္းမွာ ပထမဆုံးအၿငိမ္းစားယူတဲ့ ပုပ္ရဟန္းမင္းႀကီးျဖစ္ၿပီး ၂၀၁၃ မွာ က်န္းမာေရးေၾကာင့္ အနားယူခဲ့တာျဖစ္ပါတယ္။ အမ်ားျမင္ကြင္းကေန ေပ်ာက္ကြယ္သေလာက္နီးနီး ရွိေနပါၿပီ။ ထြက္ေပၚလာတဲ့ ဓာတ္ပုံတခ်ိဳ႕မွာေတာ့ က်န္းမာေရး တစထက္တစ ဆုတ္ယုတ္လာတာကို ေတြ႔ရပါတယ္။

ပုပ္ရဟန္းမင္းႀကီးရာထူးဟာ ကမာၻတဝန္း Catholic အသင္းေတာ္ရဲ႕ အျမင့္ဆုံးသာသနာပိုင္လည္း ျဖစ္ပါတယ္။ ၁၄၁၅ ခုႏွစ္ကတည္းကဆိုရင္ သူဟာ ရာထူးစြန႔္သြားတဲ့ ပထမဆုံး ပုပ္ရဟန္းမင္းႀကီးလည္း ျဖစ္ပါတယ္။ အနားယူခ်ိန္ ၂၀၁၃ ကတည္းက က်န္းမာေရး ယိုယြင္းလာတာေၾကာင့္ အနားယူတာ ျဖစ္ေၾကာင္း ေျပာခဲ့တာပါ။ ႐ုပ္ပိုင္းဆိုင္ရာအရ အားနည္းေပမဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာအရ အားေကာင္းဆဲ ျဖစ္ပါတယ္လို႔ သူ႔ရဲ႕အတြင္းေရးမႉးအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေဆာင္႐ြက္ခဲ့တဲ့ ဂိုဏ္းခ်ဳပ္ဆရာေတာ္ Georg Gaenswein က ဧၿပီလတုန္းက ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict နာမကျန်းဖြစ်နေ

အသက် ၉၅ နှစ် ရှိပြီဖြစ်တဲ့ ယခင် ပုပ်ရဟန်းမင်းကြီး Benedict ဟာ အတော်ကြီး မကျန်းမမာ ဖြစ်နေပြီး သူ့အတွက် ဆုတောင်းပေးနေပါတယ်လို့ Catholic ဘာသာဝင်တွေရဲ့ လက်ရှိ ပုပ်ရဟန်းမင်းကြီး Francis ကဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

“အငြိမ်းစား ပုပ်ရဟန်းမင်းကြီး Benedict အတွက် ဆုမွန်တောင်းပေးကြဖို့ ခင်ဗျားတို့အားလုံးကို ကျနော် ပြောချင်ပါတယ်။ သူ အလွန်မကျန်းမမာဖြစ်နေတာ ကို သတိရကြစေလိုပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောသွားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီး Benedict ဟာ ရာစုပေါင်း ၆ ရာစုအတွင်းမှာ ပထမဆုံးအငြိမ်းစားယူတဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ၂၀၁၃ မှာ ကျန်းမာရေးကြောင့် အနားယူခဲ့တာဖြစ်ပါတယ်။ အများမြင်ကွင်းကနေ ပျောက်ကွယ်သလောက်နီးနီး ရှိနေပါပြီ။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတချို့မှာတော့ ကျန်းမာရေး တစထက်တစ ဆုတ်ယုတ်လာတာကို တွေ့ရပါတယ်။

ပုပ်ရဟန်းမင်းကြီးရာထူးဟာ ကမ္ဘာတဝန်း Catholic အသင်းတော်ရဲ့ အမြင့်ဆုံးသာသနာပိုင်လည်း ဖြစ်ပါတယ်။ ၁၄၁၅ ခုနှစ်ကတည်းကဆိုရင် သူဟာ ရာထူးစွန့်သွားတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်ပါတယ်။ အနားယူချိန် ၂၀၁၃ ကတည်းက ကျန်းမာရေး ယိုယွင်းလာတာကြောင့် အနားယူတာ ဖြစ်ကြောင်း ပြောခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အားကောင်းဆဲ ဖြစ်ပါတယ်လို့ သူ့ရဲ့အတွင်းရေးမှူးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ ဂိုဏ်းချုပ်ဆရာတော် Georg Gaenswein က ဧပြီလတုန်းက ပြောခဲ့ပါတယ်။

XS
SM
MD
LG