သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်မြို့ ခရစ္စမတ်ဈေးပွဲတော် တိုက်ခိုက်ခံရ


ဘာလင်မြို့ ခရစ္စမတ်ဈေးပွဲတော် တိုက်ခိုက်ခံရ
ဘာလင်မြို့ ခရစ္စမတ်ဈေးပွဲတော် တိုက်ခိုက်ခံရ

ဂျာမနီနိုင်ငံ ဘာလင်မြို့လည်ကောင်က လူစည်ကားတဲ့ ခရစ္စမတ်ဈေးပွဲတော်တခုကို ထရပ်ကားတစီးကအရှိန်နဲ့မောင်းနှင်ပြီးဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး ၅၀ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။

ဘာလင်မြို့ရဲ့ သမိုင်းမှတ်တမ်းဝင် Kaiser Wilhelm အထိမ်းအမှတ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပြင်ဘက်မှာရှိနေတဲ့ ဈေးတန်းထဲကို အဲဒီထရပ်ကားက အရှိန်နဲ့မောင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကားမောင်းသမားကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း အချိန်တိုအတွင်းမှာပဲ ရဲဘက်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ထရပ်ကားကို ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး အဲဒီကားထဲမှာ အသက်သေဆုံးနေသူတယောက်ကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အခြားအချက်အလက်အသေးစိတ်ကိုတော့ ချက်ခြင်းထုတ်ပြန ်ပြောကြားခြင်း မရှိသေးပါဘူး။

မျက်မြင်သက်သေတဦးက CNN ရုပ်မြင်သံကြားသတင်းဌာနကို ပြောပြချက်အရဆိုရင် အနည်းဆုံး လမ်းဘေးဈေးဆိုင် လေးဆိုင်လောက် ကြေမွပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG