ဘာလင်တံတိုင်းကြီးရဲ့ နောက်ဆုံးကျန်တဲ့အပိုင်းကို ဖြိုဖျက်ဖို့ လုပ်နေတာကို ဆန္ဒပြသူတွေက ရပ်တန့်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
စစ်အေးတိုက်ပွဲကာလရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ဘာလင်တံတိုင်းကြီးရဲ့ အစိတ်အပိုင်း အတော်များများကို ဖြိုချခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ် နှစ်ခု ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
သောကြာနေ့တုန်းက လူပေါင်း ၂၀၀ လောက်ဟာ East-side Gallery လို့ခေါ်တဲ့ ၁.၃ ကီလိုမီတာ ရှည်ပြီး ပန်းချီတွေ ရေးဆွဲထားတဲ့အပိုင်းရဲ့ရှေ့မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနားမှာ အိမ်ယာသစ်တွေ ဆောက်ဖို့ စတင်ဆောင်ရွက်ခဲ့ကြတာကြောင့် ဆန္ဒပြသူတွေက ဘာလင်တံတိုင်းကြီးကို မဖြိုဖျက်ဘဲ ထားရှိနိုင်အောင် အခုလို ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။