သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တိုက်ခိုက်မှုမှာ သံသယရှိသူ အသေဖမ်းဆီးမိ


ခရစ္စမတ်စ်ဈေးထဲကို ထရပ်ကားနဲ့ မောင်းဝင် တိုက်ခိုက်မှု အတွက် သံသယရှိနေသူ တူနီးရှား အမျိုးသားကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ အသေပစ်သတ် ဖမ်းဆီး။ ( ဒီဇင်ဘာ ၂၃၊ ၂၀၁၆)
ခရစ္စမတ်စ်ဈေးထဲကို ထရပ်ကားနဲ့ မောင်းဝင် တိုက်ခိုက်မှု အတွက် သံသယရှိနေသူ တူနီးရှား အမျိုးသားကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ အသေပစ်သတ် ဖမ်းဆီး။ ( ဒီဇင်ဘာ ၂၃၊ ၂၀၁၆)

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်စ်ဈေးထဲကို တနင်္လာနေ့က ထရပ်ကားနဲ့ မောင်းဝင် တိုက်ခိုက်မှု အတွက် သံသယရှိနေသူ တူနီးရှား အမျိုးသားဟာ တခြားလူတွေဆီက အကူအညီရခဲ့သလားဆိုတာ ဆန်းစစ်နေတယ်လို့ ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး အစိုးရ ရှေ့နေက ဒီကနေ့ ပြောလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Anis Amri ကိုတော့ အီတလီနိုင်ငံ၊ မီလန်မြို့က ရထားဘူတာရုံတခုနားမှာ ပုံမှန် ကင်းလှည့်ချိန်အတွင်း ဒီကနေ့မနက်အစောပိုင်းမှာ အီတလီရဲက ပစ်သတ်လိုက်ပါပြီ။ ရဲကပစ်သတ်လိုက်တဲ့ အဲဒီလူဟာ ဈေးကို ထရပ်ကားနဲ့ မောင်းဝင် တိုက်ခိုက်ခဲ့သူဖြစ်တယ်ဆိုတာ အာဏာပိုင်တွေ အတည်ပြုထားပြီလို့ ဂျာမနီ အစိုးရရှေ့နေချုပ် Peter Frank က ပြောပါတယ်။ ဈေးကို တိုက်ခိုက်မှုမှာ လူ ၁၂ ယောက်သေဆုံးပြီး ၅၆ ယောက် ဒဏ်ရာရခဲ့တာပါ။

Anis Amri သေဆုံးသွားပြီဖြစ်ပေမယ့် စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်သွားမယ်လို့ ဘာလင်မြို့တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း Frank ကပြောပါတယ်။ ထောက်ခံသူတွေနဲ့ ပူးပေါင်းကြံစည်သူတွေပါတဲ့ ကွန်ယက်တခုရှိမရှိ၊ တိုက်ခိုက်မှုကို ပြင်ဆင် လုပ်ဆောင်ဖို့နဲ့ ထွက်ပြေးလွတ်မြောက်ဖို့ တိုက်ခိုက်သူကို ကူညီပေးခဲ့သူတွေရှိမရှိဆိုတာ သိရဖို့ သိပ်ကိုအရေးကြီးပါ တယ်လို့လည်းဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အစွန်းရောက်အဖွဲ့က နာမည်ခံ ကြေညာထားပါတယ်။ ဆီးရီးယားနဲ့အီရတ်မှာ စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်ထားချက်အရ အခုလိုတိုက်ခိုက်တာလို့ ဆိုပါတယ်။

ဘာလင်တိုက်ခိုက်မှုမှာ သံသယရှိသူ အသေဖမ်းဆီးမိ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG