သုံးရလွယ်ကူစေသည့် Link များ

New Hampshire မှာ Trump နှင့် Sanders နိုင်


New Hampshire results
New Hampshire results

အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်း New Hampshire ပြည်နယ်မှာ ကျင်းပတဲ့ သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ ရီပတ်ဘလီကန် ပါတီဖက်က ဘီလီယံနာ သူဌေးကြီး Donald Trump နဲ့ ဒီမိုကရက်တစ် ပါတီဖက်က Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့ အသီးသီး အနိုင်ရသွားကြပြီ ဖြစ်ပါတယ်။

မဲရုံတွေပိတ်ပြီး မကြာခင် မိနစ်ပိုင်းအတွင်းမှာ ထွက်လာတဲ့ မဲစာရင်းတွေအရ အမေရိကန်နိုင်ငံအတွင်းက အထင်ကရ သတင်းမီဒီယာကြီး တခုဖြစ်တဲ့ CNN သတင်းဌာနက ကြိုတင် ခန့်မှန်းပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုသီတင်းရေးချိန်မှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ ရီပတ်ဘလီကန် ပါတီဖက်မှာ Donald Trump ဟာ ၃၄% ၊ John Kasich က ၁၆% ဒုတိယ၊ Jeb Bush က ၁၂% နှုန်းနဲ့ တတိယနေရာက လိုက်နေပါတယ်။

ဒီမိုကရက်တစ် ပါတီဖက်မှာတော့ Bernie Sanders က ၅၇% နဲ့ ဦးဆောင်နေပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ၄၁% နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။

XS
SM
MD
LG