သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ဂရမ်မီ ဂီတဆု Sam Smith အများဆုံးရရှိ


Sam Smith
Sam Smith

တနင်္ဂနွေနေ့ညက အမေရိကန်ပြည်ထောင်စု Los Angele မြို့မှာ ကျင်းပခဲ့တဲ့ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲမှာ ဗြိတိသျှအဆိုတော် Sam Smith က ဆုတွေအများကြီး ရရှိသွားပါတယ်။ သူက အကောင်းဆုံး အဆိုရှင်သစ်ဆုနဲ့ သူ့ရဲ့ တေးဓာတ်ပြား In the Lonely Hour က လည်း အကောင်းဆုံး pop ဂီတ သီဆိုမှုဆု ရရှိသွားတာပါ။ Stay With Me ဆိုတဲ့ သီချင်းနဲ့လည်း အကောင်းဆုံးအသံသွင်း ဓာတ်ပြားဆု ၊ အကောင်းဆုံး သီချင်းဆုတို့ ရသွားသေးပါတယ်။

ဒါပေမယ့် သူက အကောင်းဆုံးတေးဓာတ်ပြားဆုတော့ မရဘဲ အဲဒီဆုကို Beck က Morning Phase တေးဓာတ်ပြားနဲ့ ဆွတ်ခူးသွားပါတယ်။ Beyonce, Pharrell Williams နဲ့ Ed Sheeran တို့လည်း အဲဒီဆုကို မရလိုက်ကြပါဘူး။ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲမှာ အဆိုတော်ဟောင်း အဆိုတော်သစ်တွေ ပါဝင်ဖျော်ဖြေသွားကြပါတယ်။ ဝါရင့်အဆိုတော်ကြီး Tony Bennett က Dancing Cheek to Cheek သီချင်းကို Lady Gaga နဲ့ တွဲဖက်ဖျော်ဖြေသွားပြီး သူတို့က အကောင်းဆုံး မူရင်း pop ဂီတ သီဆိုမှု တေးဓာတ်ပြားဆုရရှိသွားပါတယ်။

ဒီဆုချီးမြှင့်ပွဲမှာ video မိန့်ခွန်းပြောတဲ့ အမေရိကန်သမ္မတ Barack Obama ကတော့ ဂီတ အနုပညာရှင်တွေအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ရပ်တံ့ရေး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပြီး “It's not OK and it has to stop “ ဒီလိုတွေလုပ်တာအဆင်မပြေပါဘူး၊ ဒါကို ရပ်တံ့မှရပါမယ် ဆိုပြီး လှုံ့ဆော်ကြဖို့ ပြောသွားပါတယ်။

XS
SM
MD
LG