သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhasan Char ကျွန်းက ဒုက္ခသည်တွေ လွတ်လပ်စွာသွားလာခွင့် ကုလသဘောတူညီချက်ထဲမပါ


ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့မယ့်ရိုဟင်ဂျာတွေကို ပို့ပေးတဲ့ ဆိပ်ကမ်းမြင်ကွင်း။
ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့မယ့်ရိုဟင်ဂျာတွေကို ပို့ပေးတဲ့ ဆိပ်ကမ်းမြင်ကွင်း။

{{Zawgyi/Unicode}}

ဘင်္ဂလားပင်လယ်အော်ထဲက Bhasan Char ကျွန်းပေါ်ပို့ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကျွန်းမကြီးမှာ လွတ်လွတ်လပ်စွာသွားလာနိုင်ရေး အာမခံချက် ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီချက်ထဲမှာ မပါဘူးလို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

အပြင်ကိုပေါက်ထွက်လာတဲ့ သဘောတူညီချက်မိတ္တူထဲမှာ အဲဒီလိုအချက်ကို မတွေ့ရဘူးလို့ ရိုက်တာက ရေးပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်တွေကိုယ်တိုင် ကန့်ကွက်မှုတွေရှိနေတဲ့ကြားမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည် ၁၉,၀၀၀ ကျော်ကို ဘာဆန်ချာကျွန်းဆီပို့ထားပြီးပါပြီ။ ဘာဆန်ချာကျွန်းကို ထောင်သားတွေပို့လေ့ရှိတဲ့ တကျွန်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက နှိုင်းယှဉ်ကြသလို တချို့ဒုက္ခသည်တွေ သူတို့သဘောဆန္ဒနဲ့ ပြောင်းရွှေ့တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကမ်းခြေကနေ နာရီနဲ့ချီသွားရတဲ့ ဘာဆန်ချာကျွန်းဟာ ရေကြီးရေလျှံနိုင်တဲ့အန္တရာယ် သိပ်များပြီးဒုက္ခသည်တွေကလည်း လွတ်လပ်စွာ သွားလှုပ်ရှားလာခွင့်ပြုဖို့ တောင်းဆိုထားတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒုက္ခသည်တွေကို အတင်းအကြပ်ပြောင်းရွှေ့ပေးတာမျိုး မရှိဘူးလို့ ပြောထားပါတယ်။ လတ်တလောလတွေမှာပဲ အဲဒီကျွန်းကို ပို့ပေးထားသူတွေထဲက ရာပေါင်းများစွာ ထွက်ပြေးခဲ့ကြတာမှာ သူတို့ကို ကုန်းတွင်းပိုင်းနဲ့ ကမ်းရိုးတန်းရွာတွေမှာ ပြန်ပြီး ဖမ်းမိခဲ့ပါတယ်။ သြဂုတ်လတုန်းကတော့ ငါးဖမ်းလှေနဲ့ထွက်ပြေးသူ ဒါဇင်နဲ့ချီ လှေမှောက်လို့ သေဆုံးခဲ့ဖူးပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အကူအညီပေးဖို့ အောက်တိုဘာလဆန်းပိုင်းမှာ သဘောတူညီခဲ့ပေမယ့် အများပြည်သူသိအောင် ထုတ်ပြန်ကြေငြာခြင်းမရှိတဲ့အပေါ် မှတ်ချက်ပေးဖို့ ရိုက်တာက မေးခဲ့ပေမယ့် တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူူး။

အောက်တိုဘာ ၉ရက်နေ့ ထုတ်ပြန်ချက်မှာတော့ဒုက္ခသည်တွေအတွက် ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေးနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း၊ ကျန်းမာရေးနဲ့ လူနေမှုဘဝ စတဲ့နယ်ပယ်တွေမှာ အကူအညီပေးဖို့ သဘောတူညီထားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{Unicode}}



အပွငျကိုပေါကျထှကျလာတဲ့ သဘောတူညီခကြျမိတ်တူထဲမှာ အဲဒီလိုအခကြျကို မတှေ့ရဘူးလို့ ရိုကျတာက ရေးပါတယျ။






XS
SM
MD
LG