သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Bhashan Char ကြၽန္းေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေဆြမ်ိဳးေတြနဲ႔ သြားေရာက္ ေတြ႔ခြင့္ရ


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္မ်ား Bhasan Char သို႔ ေျပာင္းေရႊ႕ေနထိုင္တဲ့ ျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေဝးလံေခါင္သီတဲ့ Bhashan Char ကြၽန္းမွာ သြားေရာက္ေနထိုင္ေနၾကရတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ဘဂၤလားေဒ့ရွ္အစိုးရက ပထမဆုံးအႀကိမ္ သူတို႔ မိသားစု၊ ေဆြမ်ိဳးေတြဆီကို လည္ပတ္ခြင့္ျပဳခဲ့ပါတယ္။

အခု ကြၽန္းကိုပို႔ခံထားရတဲ့ ဒုကၡသည္ေတြထဲက ၆၈ ေယာက္ကို ဒုကၡသည္စခန္းမွာ က်န္ေနတဲ့ သူတို႔မိသားစု၊ ေဆြမ်ိဳးေတြနဲ႔ ေတြ႔ဆုံဖို႔ အာဏာပိုင္ေတြ အဂၤါေန႔က ခြင့္ျပဳခဲ့တာပါ။ ေရတပ္သေဘၤာတစင္းက သူတို႔ကို Chittagong ထိေခၚေဆာင္ၿပီး အဲဒီကေန ဘတ္စကား ၂ စီးနဲ႔ စခန္းကို ပို႔ေပးခဲ့တယ္လို႔ ေရတပ္ေျပာခြင့္ရ က AFP သတင္းဌာနကို ေျပာပါတယ္။

ကြၽန္းေပၚပို႔ထားတဲ့ ဒုကၡသည္ေတြ အခုလို မိသားစု၊ ေဆြမ်ိဳးေတြနဲ႔ ေတြ႔ဆုံဖို႔အတြက္ တလကို အနည္းဆုံး ၂ ေခါက္ေလာက္ စီစဥ္ေပးဖို႔ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ဆုံးျဖတ္ထားတယ္လို႔လည္း သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးဌာန အႀကီးတန္း အရာရွိတဦးက ေျပာပါတယ္။

အစိုးရက ဒီ ဒုကၡသည္ေတြကို Bhashan Char ကြၽန္းမွာ ၿပီးခဲ့တဲ့ ၂ ႏွစ္ေလာက္က စၿပီးေနရာခ်ထားေပးေနတာပါ။ အခု Cox's Bazar ဒုကၡသည္စခန္းေတြထဲ ဒုကၡသည္ေတြ ျပည့္ၾကပ္ေနတာမို႔ ၁ သိန္းေလာက္ကိုBhashan Char ကြၽန္းကို ပို႔ဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက စီစဥ္ခဲ့ပါတယ္။ အခုလို ေဝးလံတဲ့ကြၽန္းမွာ သူတို႔ကိုေနရာခ်ထားတဲ့အတြက္ လည္း လူ႔အခြင့္ေရးလႈပ္ရွားသူေတြက ဘဂၤလားေဒ့ရွ္အစိုးရကို ျပစ္တင္ေဝဖန္ေနၾကပါတယ္။

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း စစ္တပ္နယ္ေျမရွင္းလင္းမႈေၾကာင့္ ျမန္မာႏိုင္ငံဘက္က ႐ိုဟင္ဂ်ာ ဒုကၡသည္သိန္းခ်ီ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခဲ့ၾကတာပါ။ ႐ိုဟင္ ဂ်ာဆိုတဲ့ အသုံးအႏႈန္း ကို လက္မခံတဲ့ ျမန္မာဘက္ကေတာ့ ဒုကၡသည္ေတြကို ျပန္စီစစ္လက္ခံမယ္လို႔ ကတိျပဳေျပာဆိုထားေပမဲ့ ဒီအစီအစဥ္ကို အေကာင္အထည္ မေဖာ္ႏိုင္ေသးပါဘူး။

ဘဂၤလားေဒ့ရွ္နဲ႔ ၃၇ မိုင္အကြာမွာရွိတဲ့ Bhashan Char ကြၽန္းက ရာသီဥတုဒဏ္ခံရေလ့ရွိၿပီး ၿပီးခဲ့တဲ့ ႏွစ္ ၅၀ အတြင္း ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ လူ ၁ သန္းေလာက္ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ ဆွေမျိုးတွေနဲ့ သွားရောက် တွေ့ခွင့်ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝေးလံခေါင်သီတဲ့ Bhashan Char ကျွန်းမှာ သွားရောက်နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ် သူတို့ မိသားစု၊ ဆွေမျိုးတွေဆီကို လည်ပတ်ခွင့်ပြုခဲ့ပါတယ်။

အခု ကျွန်းကိုပို့ခံထားရတဲ့ ဒုက္ခသည်တွေထဲက ၆၈ ယောက်ကို ဒုက္ခသည်စခန်းမှာ ကျန်နေတဲ့ သူတို့မိသားစု၊ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့ အာဏာပိုင်တွေ အင်္ဂါနေ့က ခွင့်ပြုခဲ့တာပါ။ ရေတပ်သင်္ဘောတစင်းက သူတို့ကို Chittagong ထိခေါ်ဆောင်ပြီး အဲဒီကနေ ဘတ်စကား ၂ စီးနဲ့ စခန်းကို ပို့ပေးခဲ့တယ်လို့ ရေတပ်ပြောခွင့်ရ က AFP သတင်းဌာနကို ပြောပါတယ်။

ကျွန်းပေါ်ပို့ထားတဲ့ ဒုက္ခသည်တွေ အခုလို မိသားစု၊ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့အတွက် တလကို အနည်းဆုံး ၂ ခေါက်လောက် စီစဉ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆုံးဖြတ်ထားတယ်လို့လည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန အကြီးတန်း အရာရှိတဦးက ပြောပါတယ်။

အစိုးရက ဒီ ဒုက္ခသည်တွေကို Bhashan Char ကျွန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က စပြီးနေရာချထားပေးနေတာပါ။ အခု Cox's Bazar ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ပြည့်ကြပ်နေတာမို့ ၁ သိန်းလောက်ကိုBhashan Char ကျွန်းကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ခဲ့ပါတယ်။ အခုလို ဝေးလံတဲ့ကျွန်းမှာ သူတို့ကိုနေရာချထားတဲ့အတွက် လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြစ်တင်ဝေဖန်နေကြပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တပ်နယ်မြေရှင်းလင်းမှုကြောင့် မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်သိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတာပါ။ ရိုဟင် ဂျာဆိုတဲ့ အသုံးအနှုန်း ကို လက်မခံတဲ့ မြန်မာဘက်ကတော့ ဒုက္ခသည်တွေကို ပြန်စီစစ်လက်ခံမယ်လို့ ကတိပြုပြောဆိုထားပေမဲ့ ဒီအစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နဲ့ ၃၇ မိုင်အကွာမှာရှိတဲ့ Bhashan Char ကျွန်းက ရာသီဥတုဒဏ်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁ သန်းလောက်သေဆုံးခဲ့ပါတယ်။

#Rohingya #BhashanChar #VOABurmese

#ရိုဟင်ဂျာ#ဘာဆန်ချာကျွန်း

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG