သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကားစစ်ထိုးပွဲမှာ ဘိုင်ဒန်နဲ့ ထရမ့်အပြန်အလှန် ထိုးနှက်

ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ရုပ်သံဌာနချုပ်မှာကျင်းပတဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ)နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် (ဝဲ) တို့ကို တွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ရုပ်သံဌာနချုပ်မှာကျင်းပတဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ယာ)နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် (ဝဲ) တို့ကို တွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့နှစ်ယောက် ကြာသပတေးနေ့ညက ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာ ပွဲစစချင်းမှာပဲ အပြန်အလှန် ထိုးနှက် ငြင်းခုံခဲ့ကြပါတယ်။ တိုင်းပြည်စီးပွားရေး၊ နိုင်ငံခြားရေးနဲ့ မက္ကဆီကို နယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုကို ‌ရွှေ့ပြောင်းဝင်ရောက်လာသူတွေအရေးတွေမှာ အဓိက စကားစစ်ထိုးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တတိယနိုင်ငံတွေလို ဖြစ်နေပြီ၊ ရှက်ဖို့ ကောင်းလိုက်တာလို့ ထရမ့်က ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုကို လူတွေက မလေးစားကြတော့ဘူးလို့လည်း ထရမ့်က ‌ပြောဆိုပြီး သမ္မတဘိုင်ဒန်ကို အပြစ်ဖို့ပါတယ်။ နိုင်ငံတကာက၊ သူတို့က ကျနော်တို့ကို မိုက်မဲသူတွေအဖြစ် ထင်နေကြပြီလို့လည်း ပြောဆိုသွားပါတယ်။ သမ္မတဘိုင်ဒန်ကလည်း ထရမ့်ကို ကြည့်ပြီး အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး သမ္မတ တယောက်ဖြစ်တယ်ဆိုပြီး ဒီနှစ်ဆန်းက သမိုင်းပညာရှင်တဖွဲ့က ထရမ့်ကို တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ သမ္မတ အဆက်ဆက် ၄၆ ယောက်ထဲက အဆိုးဆုံး အဖြစ် သတ်မှတ်ခဲ့တာကို ကိုးကား ပြောဆိုသွားပါတယ်။ ထရမ့်ဟာ အမေရိကန်ဒီမိုကရေစီအကြောင်းကို လုံးဝ မသိတဲ့သူလို့လည်း ဝေဖန်ထိုးနှက်သွားပါတယ်။

စကားစစ်ထိုးပွဲအတွင်းထရမ့်က အသံကိုမြှင့်ပြီး ဘိုင်ဒန်ပြောနေတာကို ဟန့်တားခဲ့သလို၊ ပြန်လည် ရန်စတိုက်ခိုက်ရင်း သမ္မတဘိုင်ဒန်ဟာ အဆိုးရွားဆုံး သမ္မတအဖြစ် တုံ့ပြန်ပြောဆိုပါတယ်။ မကြာခဏဆိုသလို တယောက်ကို တယောက် လူလိမ်တွေဆိုပြီးတော့လည်း စကားစစ်ထိုးပွဲမှာ အပြန်အလှန် စွပ်စွဲကြပါတယ်။

CNN ရုပ်သံဌာနချုပ်ရှိတဲ့ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ကျင်းပတဲ့ စကားစစ်ထိုးပွဲကို နိုင်ငံတဝန်း ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ပြသခဲ့ပါတယ်။ စကားစစ်ထိုးပွဲအပြီး ချက်ချင်းထွက်လာတဲ့ CNN ရဲ့ စစ်တမ်းတွေမှာတော့ ၆၇ ရာခိုင်နှုန်းက ထရမ့်က အသာစီးရတယ်လို့ ယုံကြည်ပြီး ၃၃ ရာခိုင်နှုန်းက သမ္မတဘိုင်ဒန်က သာတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ တချို့ဒီမိုကရက်တွေက သမ္မတဘိုင်ဒန်ရဲ့ ပြောဆို ဆွေးနွေးပုံ လုပ်ကိုင်ပုံကို အားမလို အားမရ ပြောနေကြပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း မက္ကဆီကိုနယ်စပ်ကနေ တရားမဝင် ဝင်ရောက်နေတာဟာ အမေရိကန်ပြည်ထောင်စု စီးပွားရေးကို ထိခိုက်စေတဲ့ ပြဿနာ တရပ်အဖြစ် ဆက်နွယ်ပြီး ထရမ့်က အကြိမ်ကြိမ် ထိုးနှက်ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို တရားမဝင် ရွှေ့ပြောင်းဝင်လာသူတွေက ယူသွားကြတယ်လို့လည်း ပြောပါတယ်။ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ် သူ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလမှာ ကမ္ဘာမှာ လုံခြုံမှုအရှိဆုံး နယ်ခြားဖြစ်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ ရွေ့ပြောင်းဝင်လာသူတွေဟာ အရင်က တခါမှ မတွေ့ခဲ့ဖူးတဲ့ ကျနော်တို့ နိုင်ငံသားတွေကို သတ်နေကြပြီး ကြွက်သိုက်ထဲကို ရောက်နေသလို နှိုင်းယှဉ် စွပ်စွဲပြောဆိုသွားပါတယ်။ သမ္မတဘိုင်ဒန်ကတော့ ထရမ့်ဟာ တမင်ပုံကြီးချဲ့ ပြောဆို လိမ်ညာနေတယ်လို့ တုံ့ပြန်ပြီး နယ်ခြားမှာ မကြာခင်က ကန့်သတ်ပိတ်ပင် တင်းကြပ်တာတွေ ပြဌာန်းခဲ့ချိန်နောက်ပိုင်း ရွှေ့ပြောင်းဝင်ရောက်လာသူ ၄၀ ရာခိုင်နှုန်းကျဆင်းသွားတာကို ထောက်ပြသွားခဲ့ပါတယ်။

စကားစစ်ထိုးပွဲမှာ ဘိုင်ဒန်နဲ့ ထရမ့်အပြန်အလှန် ထိုးနှက်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG